DVB Logo
Home
မြန်မာသတင်း
စိုးမြတ်သူဇာနှင့် ထွန်းထွန်းကို မြေးအဘွားအဖြစ် ရှုစားရမည့် ‘သားပိုက်ကောင်’ ရုပ်ရှင်(နမူနာ)
DVB
·
May 29, 2018
စိုးမြတ်သူဇာနှင့် ထွန်းထွန်းကို မြေးအဘွားအဖြစ် ရှုစားရမည့် ‘သားပိုက်ကောင်’ ရုပ်ရှင်(နမူနာ)
Donate to DVB

 

မကြာခင်မှာ ရုံတင်ပြသတော့မယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ ‘သားပိုက်ကောင်’ ရုပ်ရှင်ကားထဲမှာ ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ ထွန်းထွန်းတို့ကို မြေးအဘွားအဖြစ် သရုပ်ဆောင်ထားတာကို ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက် စီစဉ်ခဲ့တာဖြစ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားခဲ့တာ ဖြစ်ပါတယ်။

မြေးအပေါ်ထားရှိတဲ့ အဘွားတယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်ကြရမယ့် ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးလ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မြေးအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ အဘွားကြောင့် မြေးဖြစ်သူရဲ့ အချစ်ရေး၊ လူမှုရေးတွေအထိ လိုက်ပြီး ပါဝင်စွက်ဖက်နေတာကြောင့် ကမောက်ကမ ဖြစ်ရတာတွေကို ဟာသဒရာမာဆန်ဆန် ရိုက်ကူးတင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ မိခင်တွေ၊ ဖွားအေတွေကို ပစ်မထားသင့်ဘဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို တန်ပြန် သတိရသွားစေဖို့ ဒီရုပ်ရှင်ကားက နှိုးဆော်ပေးနိုင်ပါလိမ့်မယ်။

တခြားပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ရွှေသမီး၊ နေဆန်း၊ မင်းဦးတို့နဲ့အတူ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားအထူးပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာ ပြသခဲ့ပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013