DVB Logo
Home
မြန်မာသတင်း
အရက်ချက်စက်ရုံများ ညစ်ညမ်းမှု လျှော့ချရေးစီမံချက် လုပ်ဆောင်မည်
DVB
·
May 29, 2018
အရက်ချက်စက်ရုံများ ညစ်ညမ်းမှု လျှော့ချရေးစီမံချက် လုပ်ဆောင်မည်
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ရန်ပုံငွေနဲ့ မြန်မာနိုင်ငံအတွင်းက အရက်ချက်စက်ရုံတွေနဲ့ စားသောက်ကုန်စက်ရုံတွေရဲ့ ညစ်ညမ်းမှု လျှော့ချရေးစီမံချက်ကို လုပ်ဆောင်သွားဖို့ စီစဉ်နေပါတယ်။

ဒီစီမံချက်ကို သဘာဝလို့ နာမည်ပေးထားပြီး မြန်မာနိုင်ငံက ကုန်သည်စက်မှု အသင်းချုပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွား မှာပါ။

မြန်မာနိုင်ငံအတွင်းက ပတ်ဝန်းကျင်အထိခိုက်ဆုံး စက်ရုံတွေဖြစ်တဲ့ အရက်ချက်စက်ရုံတွေနဲ့ စားသောက်ကုန်လုပ်ငန်းတွေကို ညစ်ညမ်းမှု လျော့နည်းဖို့ နည်းပညာ အကူညီတွေ ပေးသွားမှာပါ။

မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “ဒီအဖွဲ့ကနေပြီး ငွေကြေးအရင်းအနှီးလည်း ပေးမယ်။ မော်ဒယ်လ်ကုမ္ပဏီတွေကို ရွေးချယ်ပြီးတော့ အဲဒီမော်ဒယ်ကုမ္ပဏီတွေက ဆောင်ရွက်သွားပြီးတော့ ကျန်တဲ့ကုမ္ပဏီတွေကို ဆက်တိုက် ဒီမော်ဒယ်လ်အတိုင်း ဆောင်ရွက်သွားဖို့ပါ။ သူတို့ဆီက နည်းပညာနဲ့ ငွေကြေးအရင်းအနှီး ရသွားမှာပါ”  လို့ ပြောပါတယ်။

ပထမဦးဆုံးအနေနဲ့ ရန်ကုန်၊ မန္တလေးတိုင်းက စက်ရုံတွေကို စတင်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသဘာဝစီမံချက်ကို ၄ နှစ်အထိ အချိန်ကာလ သတ်မှတ်ထားပြီး စီမံချက်ကာလ ပြီးသွားရင်လည်း စက်ရုံတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ လျော့၊ မလျော့ စောင့်ကြည့် လေ့လာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးစိန်သောင်းဦးက “ကိုယ့်ရဲ့စက်ရုံမှာ ပတ်ဝန်းကျင် ဘာနဲ့ထိခိုက်လဲ၊ ဒါတွေကို လျော့နည်းအောင် ဘယ်လိုလုပ်မလဲ။ ရေသုံးစွဲတာတို့၊ စွမ်းအင်သုံးတာ ချွေတာအောင် ဘယ်လိုတွေ နည်းပညာ လိုလဲဆိုတာကို ဒီကနေ ထောက်ပံ့ကူညီပေးသွားမှာပါ” လို့ ပြောပါတယ်။

ပြည်တွင်းအရက်ချက်စက်ရုံတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်က ရေဆိုးတွေကို လူနေရပ်ကွက်ထဲ စွန့်ပစ်တယ်ဆိုပြီး အစိုးရက စက်ရုံ ၅ ရုံကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013