DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ကျောက်တံတားမြို့နယ်တွင် ဆေးလိပ်ကင်းစင်ရေးနယ်မြေ စံပြလုပ်ဆောင်မည်
DVB
·
May 29, 2018
ရန်ကုန် ကျောက်တံတားမြို့နယ်တွင် ဆေးလိပ်ကင်းစင်ရေးနယ်မြေ စံပြလုပ်ဆောင်မည်
Donate to DVB

 

ဆေးလိပ်ကင်းစင်ရေးနယ်မြေတွေအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်ထဲမှာ  စံပြအနေနဲ့ စတင် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။

World No Tobacco Day  ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါကာကွယ်ရေး၊ ဆေးလိပ်ကွမ်းယာရှောင်ကြဉ်ပေးခေါင်းစဉ်နဲ့  ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ မေလ ၂၉ ရက်နေ့က အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်နယ်နဲ့တိုင်း ၉ခုက တာဝန်ရှိသူတွေ အားလုံးပူပေါင်းပြီး ဆေးလိပ်ကင်းစင်ရေးနယ်မြေ ၊နေရာတွေ သတ်မှတ်သွားမှာဖြစ်တယ်လို့  ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်ကပြောပါတယ်။

ဆေးလိပ်နဲ့ကွမ်းယာကို မြန်မာနိုင်ငံမှာ အမျိုးသားရော အမျိုးသမီးတွေပါ သုံးစွဲတာ၊ ရောင်းချနေတာကို တိတိကျကျ စိစစ်ပြီး ဒီအခြေအနေတွေကို အကောင်းဆုံး ဘယ်လိုဖြေရှင်း အဖြေရှာမလဲဆိုတာ စတင်ဆောင်ရွက်နေတယ်လို့ လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မြန်မာတပြည်လုံး အတိုင်းအတာနဲ့ အမျိုးသား ၄၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၆ ရာခိုင်နှုန်းက  ဆေးလိပ်သောက်သုံးနေကြပြီး ကွမ်းယာစားသုံးသူဦးရေကတော့ အမျိုးသား ၄၀ ရာခိုင်နှုန်း ကျော်ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013