DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး၏ ဖုန်းကို ဝရမ်းမရှိဘဲ ရှာဖွေခံရမှု ရှေ့နေကန့်ကွက်  
DVB
·
May 29, 2018
ရိုက်တာသတင်းထောက် ၂ ဦး၏ ဖုန်းကို ဝရမ်းမရှိဘဲ ရှာဖွေခံရမှု ရှေ့နေကန့်ကွက်  
Donate to DVB

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ လက်ကိုင်ဖုန်းကို ရဲက ၀ရမ်းမရှိဘဲ ရှာဖွေခဲ့တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးပြီးနောက် သတင်းထောက်တွေရဲ့ဖုန်းကို ဝရမ်းမရှိပဲ ရှာဖွေခဲ့တယ်လို့ စီအိုင်ဒီက သိပ္ပံနည်းပညာ ကျွမ်းကျင်သူ တရားလိုပြသက်သေ ရဲမှူးအောင်ကျော်ဆန်းက မေ ၂၈ ရုံးချိန်းမှာ ပြောဆိုခဲ့တဲ့ ကိစ္စဟာ လက်ခံနိုင်စရာ မဟုတ်ဘူးလို့   ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေက ဒီကနေ့ ရုံးထုတ်မှာ ကန့်ကွက် ပြောကြားလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအမှုစစ်အရာရှိ ဦးကျော်မင်းအောင်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

စီအိုင်ဒီရဲမှူးအောင်ကျော်ဆန်း သက်သေအဖြစ် တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေဟာ Facebook Messenger က ယူထားတာဖြစ်ပြီး သတင်းထောက်တွေကိုယ်တိုင် အဲဒီစာရွက်စာတမ်းတွေကို Download လုပ်ထားကြောင်း အမှုစစ်အရာရှိ အနေနဲ့ သက်သေမပြနိုင်ဘူးလို့ သတင်းထောက်တွေရဲ့ရှေ့နေက တရားရုံး နှစ်ဖက်ကြားနာမှုမှာ လျောက်လဲခဲ့ပါတယ်။

၅ လကျော်ကြာ ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးကလည်း “ကျနော်တို့ ဖုန်းထဲမှာရောက်နေတဲ့ စာရွက်စာတမ်းတွေက တကယ်တမ်း ကျနော်တို့ ဘာမှ မသိပါဘူး။ ဒီစာရွက်တွေက သူ့အလိုလို ဖုန်းထဲက Facebook Messenger ထဲမှာ ရောက်နိုင်တာပဲလေ” လို ကိုဝလုံးက တနင်္လာနေ့က နှစ်ဖက်ကြားနာမှုအပြီးမှာ ပြောဆိုသွားပါတယ်။

ဒီကနေ့ မေ ၂၉ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ၂၂ ကြိမ်မြောက် ရုံးချိန်းမှာတော့ ရဲမှူးအောင်ကျော်ဆန်းကို သတင်းထောက်တွေရဲ့ ရှေ့နေတွေဘက်က အပြန်အလှန် စစ်ဆေးမေးမြန်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013