DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း  ဇွန်လ ၂ ရက်မနက် ကြေညာမည်
DVB
·
May 29, 2018
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း  ဇွန်လ ၂ ရက်မနက် ကြေညာမည်
Donate to DVB

 

၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေမှာကို ဇွန် ၂ ရက်၊ မနက် ၆ နာရီမှာ ထုတ်ပြန်မယ်လို့  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အောင်စာရင်းတွေကို နိုင်ငံတ၀န်း သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်း ကပ်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ အင်းစိန်၊ ရန်ကင်း၊ ကမာရွတ်၊ လမ်းမတော်၊ ဒဂုံနဲ့ သင်္ကန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတို့မှာ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ အောင်စာရင်းတွေကို  ကပ်ထားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းတွေကို  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးတွေ၊ ခရိုင်ပညာရေးမှူးရုံးတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ဇွန် ၂ ရက်နေ့ မနက် ၆ နာရီ နောက်ပိုင်းမှာ စုံစမ်းနိုင်တယ်လို့ စာစစ်ဌာနက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013