DVB Logo
Home
Lead Story
အဂတိလိုက်​စားမှု ကိုင်တွယ်တာ လုံလောက်မှုရှိရဲ့လား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
May 29, 2018
အဂတိလိုက်​စားမှု ကိုင်တွယ်တာ လုံလောက်မှုရှိရဲ့လား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြည်ထောင်စုဝန်ကြီး အဆင့်အထိကို စတင်ကိုင်တွယ်နေပြီလို့ အတည်ပြု ပြောကြားပါတယ်။ ဒီမတိုင်ခင်ကလည်း FDA ညွှန်ချုပ်တို့၊ တခြား စုံစမ်းစစ်ဆေးနေတဲ့ အမှု ၁၈ မှု ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဦးအောင်သူငြိမ်းတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အဂတိလိုက်စားမှုဆိုတာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ရော၊ စီးပွားရေး လာလုပ်မယ့်သူတွေရဲ့ ယုံကြည်မှုအတွက်ရော အရေးကြီးတယ်ပေါ့။ အခုတော့ အရှိန်အဟုန်မြှင့်တင်ပြီး ကိုင်တွယ်လာတယ်။ အခုအစိုးရ ကျန်တဲ့သက်တမ်းမှာ ပြည်ထောင်စုဝန်ကြီးအဆင့်အထိ လုပ်နေပြီဆိုတာ အတည်ပြုပြောကြားပါတယ်။ အဂတိလိုက်စားမှုတွေကို အစိုးရတွေက ဘာကြောင့်ကိုင်တွယ်သလဲ။  မြန်မာပြည်ရဲ့ ကိုင်တွယ်မှုအခြေအနေ ဘယ်အခြေအနေ ရောက်ပြီလဲ၊ ဘာတွေလုပ်ဖို့ လိုလဲ ဆရာ စပြီး သုံးသပ်ပေးပါဦး။”

ဦးတင်မောင်သန်း (အယ်ဒီတာ၊ သင့်ဘဝမဂ္ဂဇင်း)

“တက်လာတဲ့ အစိုးရတိုင်းအတွက် နိုင်ငံရေးအရ အရေးကြီးတယ်။ လူထုက အဲဒါနဲ့ပတ်သက်ပြီး တော်တော်လေး ကိုင်တွယ်စေချင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးပုံရိပ်ကလည်း ရိုးသားမှု၊ ဖြောင့်မတ်မှု။ ဒီ နိုင်ငံရေးပုံရိပ် အားကောင်းတဲ့အပေါ်မှာ အစိုးရအနေနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ အင်မတန်အရေးကြီးပါတယ်။ နောက်တချက်ကလည်း တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံဖို့ လူတွေလာဖို့ရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေက အလုပ်လုပ်ဖို့အတွက်ရော ဒါ တော်တော်အရေးကြီးတယ်။ ဒါကြောင့်မို့ ဒီလိုကိုင်တွယ်တာက စီးပွားရေးသဘောအရရော၊ နိုင်ငံရေးသဘောအရရော၊ လူမှုသဘောအရလည်း အရေးကြီးပါတယ်။ အဂတိဆိုတာကိုက အင်္ဂလိပ်လိုပြောတဲ့ Corruption ထက် ပိုတယ်။ ဘယာဂတိ ကြောက်တာရော၊ ခင်မင်လို့ ဆန္ဒာဂတိ ဆိုတဲ့အထိ ကျယ်ပြန့်စွာ ပြောထားတဲ့အတွက် မူရင်းပင်ကိုယ် မြန်မာ့ယဉ်ကျေးမှုမှာ ရှိပြီးသား သဘောကို ပိုပြီးခိုင်မာအောင် လုပ်တဲ့အတွက်ကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ လူမှုရေး ယဉ်ကျေးမှု သဘောအရပါ အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“လောလောဆယ်တော့ CPI (Corruption Perception Index) နိုင်ငံတကာမှာ မြန်မာပြည်ဟာ လက်ရှိ အဆင့် ၃၀ ရှိပါတယ်။ သုညဆိုရင်တော့ အဆိုးဆုံးပေါ့။ ၇၀ လောက်တော့ ဝေးနေသေးတယ်။ ၂၀၀၈ လောက်က ၁၃ လောက်ပဲရှိတယ်။ မြင့်လာတယ်လို့ ပြောလို့ရပေမယ့် လက်ရှိအခြေအနေမှာ အဂတိနဲ့ပတ်သက်လို့ မြန်မာပြည်မှာ ကိုင်တွယ်မှုတွေ လုံလောက်မှုရှိရဲ့လား၊ ဘာတွေများလုပ်ဖို့ လိုအပ်နေလဲ ဆိုတာ ဆရာအောင်သူငြိမ်း ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဦးအောင်သူငြိမ်း (နိုင်ငံရေးဆောင်းပါးရှင်)

“အန်အယ်လ်ဒီအစိုးရ တက်လာပြီးတဲ့ အချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်က လက်ဆောင်ယူတာနဲ့ပတ်သက်လို့ မူတခု ချပါတယ်။ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ထုတ်ပြန်တယ်။ အစိုးရသစ်အနေနဲ့ အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ချင်တဲ့ဆန္ဒ ရှိတယ်လို့ ထင်ပါတယ်။ မကြာသေးခင်က သမ္မတသစ် ဦးဝင်းမြင့် တက်လာတော့ သူ့အနေနဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောတယ်။ အကျင့်ပျက် ခြစားမှုတွေ ကိုင်တွယ်မယ်။ ကော်မရှင်နဲ့ ခေါ်တွေ့တယ်ပေါ့။ အခုနောက်ပိုင်းမှာလည်း ဆက်တိုက် အရေးယူမှုတွေ ဖြစ်လာတာတွေ တွေ့ပါတယ်။ တွေ့တဲ့အနေအထားမှာ မြင်တာက အကျင့်ပျက် ခြစားမှု ကိစ္စတွေကို စပြီး ကိုင်တွယ်ပြီလားပေါ့။ ဒါမျိုးအနေအထားတော့ မှန်းလို့ရပါတယ်။ ဒါပေမယ့် တခုရှိတာက အစိုးရတွေဘက်က လုပ်သင့်တာက လာဘ်စားမှုဆိုရင်၊ အကျင့်ပျက် ခြစားမှုတွေ ဆိုရင် နည်းနည်းမှ သည်းမခံနိုင်ဘူးဆိုတဲ့ ဒီလိုမူဝါဒမျိုး ထုတ်ပြန်ကြေညာဖို့လည်း လိုတယ်။ အဲဒါအပြင်မှာ သန့်ရှင်းသောအစိုးရ ဆိုတာက အကျင့်ပျက် ခြစားမှုကင်းတဲ့ အစိုးရမျိုးဖြစ်အောင်ပေါ့။ ဒီလို တခြားလုပ်ငန်းဆောင်တာတွေလည်း တိုးလုပ်သင့်တယ်လို့ ထင်ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013