DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဖြတ်မည့် ကျောက်ဖြူမြို့နယ်ရှိ ရွာများ ဘေးလွတ်ရာရွှေ့ပြောင်းရန်နှိုးဆော်
DVB
·
May 29, 2018
မုန်တိုင်းဖြတ်မည့် ကျောက်ဖြူမြို့နယ်ရှိ ရွာများ ဘေးလွတ်ရာရွှေ့ပြောင်းရန်နှိုးဆော်
Donate to DVB

 

မုန်တိုင်းငယ်ဖြတ်ကျော်ဝင်ရောက်မယ်လို့ ကြေညာထားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက ရွာတွေရှိ ရွာသားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ပြောထားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီနှစ်မုတ်သုန်ရာသီအတွက် ပထမဆုံးမုန်တိုင်းဟာ ဒီကနေ့ ညနေ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူမြို့ကြားကို ဖြတ်ပြီး ကုန်းတွင်းပိုင်းက ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာထားပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “မုန်တိုင်းက ညနေ ၄ နာရီလောက်မှာ ဝင်မယ်ဆိုတော့ နေ့လယ် ၂ နာရီလောက်ကစပြီး မြစ်ကမ်းနားမှာ နေတဲ့ကျေးရွာအုပ်စုတွေကို ပြောင်းရွှေ့ဖို့ ကျနော်တို့ မနေ့ကရော ဒီနေ့ရော လိုက်ပြီး ဆော်သြနေပါတယ်။ အနီးအနားမှာ တောင်ကုန်းတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးရုံးမှာလည်း သတင်းယူဖို့ တာဝန်ချထားပေးသလို ရွာတွေက ထူးခြားတာတွေ ကို ဖုန်းနဲ့ ဆက်ပြောဖို့လည်း အသိပေးထားတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူဒေသခံ ကိုတင်အောင်စိုးက “လေတိုက်နှုန်းက ၄၅-၅၀ လောက်ရှိနိုင်တယ်။ အခုပဲ မီးပြတ်သွားပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ဖြူမြို့နဲ့ တကျွန်းတည်းမှာရှိတဲ့ ရမ်းဗြဲမြို့ ဒေသခံ ကိုအောင်သူထွန်းကတော့ ရမ်းဗြဲမှာ မနက်ပိုင်းက လေတိုက်ခဲ့ပြီး အခုမတိုက်ဘူးလို့ မနက် ၁၁ နာရီခွဲအချိန်က ပြောပါ တယ်။

ကျောက်ဖြူဒေသခံ ကိုဝင်သန့်ဦးက “အခု လောလောဆယ်တော့ မိုးတွေရွာနေတယ်။ မနေ့ည ၂ နာရီလောက်ကစပြီး လေနဲ့ မိုးနဲ့ ရောက်လာတာ။ မနေ့က ညနေပိုင်း လေတိုက်တော့ သစ်ပင်တွေ နည်းနည်းကျိုးတာတွေ့တယ်။ နေရာတိုင်းမှာတော့ မဟုတ်ဘူး။ နှစ်တိုင်းလိုလို မုန်တိုင်းကို ကြုံရတယ်။ ပုဇွန်ကန်တွေ၊ လယ်တွေက ကာရီ (ကန်ဘောင်ကန်သင်း)တွေ ကျိုးတတ်တယ်” လို့ ပြောပါတယ်။

လက်ရှိ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို နောက်(၁၂)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းရလို့  အနီရောင်အရေးပေါ်အခြေအနေအဖြစ် မိုးဇလဌာနက သတ်မှတ်ကြေညာထားပါတယ်။

ဒီမုန်တိုင်းအရှိန်ကြောင့် ကရင်နဲ့ ကယားပြည်နယ်ကလွဲရင် တနိုင်ငံလုံးမှာ မိုးကြီးနိုင်ပြီး ရုတ်တရက် ရေကြီး မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့  မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013