DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတိပေးထုတ်ပြန်
DVB
·
May 29, 2018
မုန်တိုင်းငယ် အနီရောင်အဆင့် အရေးပေါ်အခြေအနေ သတိပေးထုတ်ပြန်
Donate to DVB

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို နောက်(၁၂)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းရလို့  အနီရောင်အရေးပေါ်အခြေအနေအဖြစ် မိုးဇလဌာနက သတ်မှတ်ကြေညာထားပါတယ်။

မေလ ၂၉ ရက် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ဟာ အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ မာန်အောင်မြို့ရဲ့ အနောက် - အနောက် တောင်ဘက် မိုင်(၆၀)ခန့်၊ စစ်တွေမြို့ရဲ့ တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ မုန်တိုင်းငယ်ဟာ ယနေ့နံနက်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းဒေသကို စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားက ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ကမ်းခြေဒေသမှာ (၅)ပေမှ (၇)ပေခန့်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသတွေမှာ  (၃)ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့လည်း မိုဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013