DVB Logo
Home
မြန်မာသတင်း
စမုံဆည်မှ လယ်ယာဧက ၄၀၀၀ ကျော်အတွက်ရေအလုံအလောက်ပေးမည်
DVB
·
May 29, 2018
စမုံဆည်မှ လယ်ယာဧက ၄၀၀၀ ကျော်အတွက်ရေအလုံအလောက်ပေးမည်
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်ထဲက မိုးစပါးစိုက်ဧက ၃၀၀၀ ကျော်နဲ့ ယာသီးနှံဧက ၁၀၀၀ ကျော် စုစုပေါင်း ဧက ၄၀၀၀ ကျော်အတွက်  လာမယ့်မိုးရာသီ ကာလအတွင်း စမုံဆည်ကနေ ရေအလုံအလောက်ပေးမယ်လို့ သာစည်မြို့နယ် ဆည်မြောင်းဦးစီးဌာနက ပြောပါတယ်။

သာစည်ဆည်မြောင်းဌာနဒုဦးစီး ဦးမြတ်ထွေးကျော်က “တောင်သူတွေအတွက် ထယ်ရေး ပြင်ရေ၊ ပျိုးထောင်ရေ၊ ပင်ဖြစ်ရေ၊ အောင်ရေဆိုပြီး ရေ ၄ ရေနဲ့ တခြားဖြည့်စွက်ပေးရတဲ့ ရေ ၂ ရေ ရှိတယ်။ အဓိကပေးရတဲ့ရေ ၆ ရေ ရှိတယ်ပေါ့။ ရေ ၆ ရေ ဆိုတာ စပါးစိုက်တဲ့ လယ်ကန်သင်း အပြည့် ရေ ၆ ခါ လွှတ်ပေးရတာပါ။ တောင်သူတွေလိုရင် လိုသလို ရေအပြည့်အဝ ပေးနိုင်ဖို့ စမုံဆည်ထဲမှာ ရေရှိပါတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်နဲ့ သာစည်မြို့နယ် နှစ်ခုက ရေရှားပြီး ခြောက်သွေ့နေတဲ့ နေရာတွေ စိမ်းလန်းစိုပြည်စေဖို့ ၁၉၉၀ ပြည့်နှစ်မှာ စမုံဆည် တည်ဆောက်ပြီး ရေပေးခဲ့တာပါ။ စမုံဆည်က ပေးဝေတဲ့ ရေဟာ သာစည်မြို့နယ်က လယ်သမားတွေအတွက်တော့  အဆင်ပြေတယ်လို့ ဒေသခံ လယ်သမားတွေကပြောပါတယ်။

သာစည်မြို့နယ် အလယ်ကန်ရွာနေ ဦးမဲက “စမုံဆည်က ရေနဲ့ပဲ မိုးစပါးစိုက်ရတယ်။ အသီးဝင်ချိန်အထိ ရေရတာမို့ စပါးကောင်းကောင်းရတာပေါ့။ အညာမှာ ဆည်ရေသောက် စပါးပဲ အသီးကောင်းတယ်။ မိုးကောင်းရေသောက်က အသီးဝင်ချိန် မိုးပြတ်တတ်တော့ အသီးမအောင်ဘူး။ စပါးထွက် လျော့တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တမာကန်ရွာနေ ကိုကျော်နိုင်ကတော့  “စမုံရေပေးမြောင်းတွေက သိပ်မကောင်းတော့ ရေ အလေအလွင့်များတယ်။ သာစည်ဘက်က တောင်သူတွေ ရေမလိုမှ ဝမ်းတွင်းဘက်က ရေရတယ်။ အချင်းချင်း နားလည်ပေးပြီး မျှမျှတတ ရေသုံးပေးရင် စိတ်ချမ်းသာတာပေါ့”လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် လယ်နဲ့ ယာတွေကို ရေပေးဝေဖို့ စမုံဆည်ထဲမှာ ရေဧကပေ ၃၀၀၀ ကျော် လှောင်ထားတယ်လို့ ဆည်မြောင်းဦးစီးဌာနက သိရပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013