DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေး ဒုဝန်ကြီး ပြောင်းလဲခန့်အပ်
DVB
·
May 29, 2018
ပြည်ထဲရေး ဒုဝန်ကြီး ပြောင်းလဲခန့်အပ်
Donate to DVB

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရဲ့ နေရာမှာ ဗိုလ်ချုပ်အောင်သူကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကို စစ်ဘက်မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်စေဖို့ သမ္မတ ဦးဝင်းမြင့်က အမိန့်စာထုတ်ပြန်လိုက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်သူကို ဒုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်းလည်း သမ္မတက သီးခြားအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်အောင်သူဟာ စစ်ဦးစီးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဗိုလ်ချုပ်အောင်စိုးကတော့ ဒုဝန်ကြီးမဖြစ်ခင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်စိုးကို ဒုဗိုလ်ချုပ်ကြီး ရာထူးနဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တပ်မတော်က ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013