
YBS ဘတ်စ်ကားကုမ္ပဏီတခုဖြစ်တဲ့ Power Eleven ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးတရုတ်လေးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တိုင်ကြားထားတဲ့အမှု အင်းစိန်တရားရုံးက ဇွန်လ ၁၁ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
ဒီကနေ့ မေလ ၂၈ ရက်နေ့ ရုံးချိန်းမှာ ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီအနေနဲ့ အမှုနဲ့ပတ်သက်လို့ ရှေ့နေပါဝါမတင်ရသေးလို့ တရားရုံးက ဇွန်လ ၁၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တာဖြစ်ပါတယ်။
ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီကို YBS စီအီးအိုဟောင်း ဦးဘိုဘိုဝေမောင်ကနေ ၂၀၁၇ နိုဝင်ဘာ ၈ ရက်မှာ Bus Operator အဖြစ်က ရပ်နားလိုက်ပြီး ကုမ္ပဏီ ၃ ခုကို လွှဲပြောင်းမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို အစိုးရရဲ့ တရားဝင်ညွှန်ကြားစာမထွက်ခင် ဦးတရုတ်လေးကနေ လူမှုကွန်ရက် မီဒီယာအပေါ်တင်ခဲ့တာကြောင့် ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုပြီး ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီက ဒီဇင်ဘာ ၂၃ ရက်မှာ သတင်းစာတွေ ကဆင့် တရားစွဲဆိုဖို့ ကြေညာခဲ့ပါတယ်။
ဦးတရုတ်လေးကို တရားစွဲဖို့နဲ့ ပတ်သက်လို့ ဒီဇင်ဘာလမှာ ရဲစခန်းကို အမှုဖွင့် တိုင်ကြားခဲ့ပြီး မေလမှာတော့ အမှုကို အင်းစိန်တရားရုံးကနေ စတင်တရားစွဲဆိုကာ မေလ ၂၄ ရက်နေ့ကို ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုခဲ့ပါတယ်။
စီအိုင်ဒီ၊ တရားရေးဌာနနဲ့ မြန်မာ့ဆက်သွယ်ရေးတို့ကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲသင့်မစွဲသင့် ရဲတပ်ဖွဲ့က အဆင့်ဆင့်တင်ပြတဲ့အပေါ် ၆၆(ဃ)နဲ့တရားစွဲဖို့ ခွင့်ပြုလိုက်တဲ့ အတွက် တရားရုံးကို ဆက်လက်တိုင်ကြားခဲ့တာလို့ ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီက ဦးမောင်စံက ပြောပါတယ်။
ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီဟာ အရင်က ယာဉ်အစီးရေ(၅၇၀)ကျော်ရှိပြီး ယာဉ်လိုင်းေ ပါင်း ၆ လိုင်းနဲ့ ပြေးဆွဲနေတာပါ။











