DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်း​ရေး ​လူထုနှီး​နှောဖလှယ်​ပွဲကို လွိုင်​​ကော်​တွင်​ ကျင်းပ
DVB
·
May 28, 2018
ငြိမ်းချမ်း​ရေး ​လူထုနှီး​နှောဖလှယ်​ပွဲကို လွိုင်​​ကော်​တွင်​ ကျင်းပ
Donate to DVB

 

လူထုသ​ဘောထားကို အ​ခြေခံတဲ့ ငြိမ်းချမ်း​ရေး တည်​​ဆောက်​နိုင်​ဖို့အတွက်​ ငြိမ်းချမ်း​ရေး လူထုနှီး​နှောဖလှယ်​ပွဲကို ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့က ​ကေ့ထျိုးဘိုခန်းမ​ဆောင်​မှာ ​မေလ ၂၆ ရက်​ကစပြီး ၃ ရက်​ကြာပြုလုပ်​ခဲ့ပါတယ်​။

ဒီနှီး​နှောဖလှယ်​ပွဲမှာ လတ်​တ​လော မြန်​မာ့ငြိမ်းချမ်း​ရေးဖြစ်​စဉ်​နဲ့ အလားအလာ​​တွေကို သုံးသပ်​​ဆွေး​နွေးခဲ့ကြပြီး​တော့ တိုင်းရင်းသား​​လက်​နက်​ကိုင်​အဖွဲ့​တွေ၊ နိုင်​ငံ​ရေးပါတီ​တွေ၊ နိုင်​ငံ​ရေးအင်​အားစု​တွေ၊ လူငယ်​နဲ့ အမျိုးသမီးအဖွဲ့​​တွေက တင်​သွင်းတဲ့ ငြိမ်းချမ်း​ရေးဆိုင်​ရာ သ​ဘောထား စာတမ်း​ (၂၅) ​စောင်​ကို ဖတ်​ကြားခဲ့ပါတယ်​။

ယခုနှီး​နှောဖလှယ်​ပွဲက​နေ ငြိမ်းချမ်း​ရေးဆိုင်​ရာ အမြင်​သ​ဘောထား​တွေကိုလည်း စုစည်းထုတ်​ပြန်​ခဲ့ပါတယ်​။

နှီး​​နှောဖလှယ်​ပွဲကျင်းပ​ရေး​ကော်​မတီဝင်​ ခွန်းဘီထူးက "ဒီထုတ်​ပြန်​ကြညာချက်​ရဲ့ အနှစ်​ချုပ်​က ကျ​နော်​တို့ ​ရေရှည်​တည်​တန့်​နိုင်​မယ့်​ ငြိမ်းချမ်း​ရေးဖြစ်​နိုင်​ဖို့အတွက်​ဆိုရင်​ ဒီလို​ဆွေး​နွေးမှု​တွေကို လုပ်​ဖို့ လိုအပ်​တယ်​။ ဒီ​ဆွေး​နွေးမှု​တွေကို အစိုးရရယ်​၊ စစ်​တပ်​ရယ်​၊ လက်​နက်​ကိုင်​ အဖွဲ့အစည်း​တွေ နား​ထောင်​ဖို့ လိုအပ်​တယ်​" လို့ ​ပြောပါတယ်​။

ဒါ့အပြင်​ ဒီက​တင်​ပြလိုက်​တဲ့ အချက်​အလက်​​တွေ၊ လူထုရဲ့ ခံစားချက်​​တွေကို နား​ထောင်​ပြီးမှ ငြိမ်းချမ်း​ရေးကို အမှန်​တကယ်​ပဲ​ဆောက်​ရွက်​နိုင်​ဖို့နဲ့ ဒီလို​ဆွေး​နွေမှုမျိုးကို တနိုင်​ငံလုံးပြုလုပ်​ပြီး​တော့ အစိုးရက​နေပြီး လမ်း​ကြောင်းသစ်​တစ်​ခုရှာနိုင်​ဖို့ ဖြစ်​တယ်​လို့ ဆိုပါတယ်​။

နှီး​နှောဖလှယ်​ပွဲ ထုတ်​ပြန်​ချက်​ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်​ဆင်​​ရေး၊ အမျိုးသမီး၊ အရပ်​ဖက်​အဖွဲ့နဲ့ လူထုကိုယ်​တိုင်​ပါဝင်​တဲ့ ငြိမ်းချမ်း​ရေး​​ဖြစ်ေ​​ရး၊ အန်​စီ​အေတွင်​ လက်​မှတ်​မထိုး တဲ့ တိုင်းရင်းလက်​နက်​ကိုင်​အဖွဲ့​တွေ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​မှာ ပါဝင်​ခွင့်​ရ​ရေး၊ တပ်​မ​တော်​မှ တိုင်းရင်းသား​ဒေသ​တွေမှာ ထိုးစစ်​ဆင်​မှုရပ်​တန့်​​ဖို့နဲ့ တပ်​မ​တော်​က တပြည်​လုံး အပစ်​အခတ်​ရပ်​​စဲ​ကြောင်း ​ကြေညာဖို့စတာ​တွေ ပါဝင်​ပါတယ်​။

ဒီပွဲမှာ ကရင်​နီပြည်​နဲ့ ကယန်း​ဒေသက လူထု​တွေ၊ အရပ်​ဖက်​အဖွဲ့​တွေ၊ နိုင်​ငံ​ရေး ပါတီ​တွေ၊ နိုင်​ငံ​ရေးအင်​အားစု​တွေနဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့​​တွေက လူဦး​ရေ ၃၀၀ ​ကျော်​ ပါဝင်​တက်​​ရောက်​ခဲ့ပါတယ်​။

ကရင်​နီအရပ်​ဖက်​အဖွဲ့​တွေဖြစ်​တဲ့ ကရင်​နီပြည်​လူငယ်​များသမဂ္ဂ(ယူ​ကေအက်​စ်​ဝိုင်​) နဲ့ LAIN နည်းပညာအ​ထောက်​အကူပြုအဖွဲ့က အခုပွဲကို စီစဉ်​​ခဲ့တာ ဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013