DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်များအမှု ၂၁ကြိမ်မြောက် ရုံးထုတ်  
DVB
·
May 28, 2018
ရိုက်တာသတင်းထောက်များအမှု ၂၁ကြိမ်မြောက် ရုံးထုတ်  
Donate to DVB

 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် တွေကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၁ကြိမ်မြောက် ဒီကနေ့  ရုံးထုတ်မှာ စီအိုင်ဒီ ရဲမှူး အောင်ကျော်ဆန်းကို ၃ ကြိမ်မြောက် တရားလို ပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေရဲ ရှေ့နေ ဦးသန်းဇော်အောင်က “ပြန်လှန်မေးခွန်းတွေ မေးကြရင်း ဒီနေ့တရားရုံးက ပြီးသွားတယ်။ ဘာမှကို လိုရင်း မရောက်ခဲ့ ဘူး။ ဒါကြောင့် ပြန်လှန်မေးခွန်းတွေကို မနက်ဖြန်မှာ ကျနော်တို့ဘက်က ဆက်စစ်ဆေးသွား ရမှာပါ " လို့ပြောပါတယ်။

ရဲမှူး အောင်ကျော်ဆန်းဟာ ရိုက်တာသတင်းထောက်တွေရဲ့ဖုန်းတွေထဲက တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေကို သက်သေအဖြစ် ပြီးခဲ့တဲ့ရုံးချိန်းမှာ တင်ထားခဲ့ပြီး တရားသူကြီးက သက်သေစာရွက်အဖြစ် လက်ခံခဲ့ပါတယ်။

အဲဒီသက်သေစာရွက်တွေကို ဒီကနေ့ တရားရုံးမှာ အပြန်အလှန်စစ်ဆေး မေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းထောက် ကိုဝလုံးက "ဖုန်းထဲမှာတွေ့ခဲ့တဲ့စာရွက်တွေကို ဒီကနေ့ စစ်ဆေးခဲ့ပေမယ့် ကျနော်တို့သိထားတဲ့စာရွက်တွေလည်း မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ခ်က မက်ဆင်ဂျာထဲကို ရောက်လာတဲ့စာရွက်တွေဖြစ်နေနိုင်ပါတယ်။ ဒီနေ့တင်ပြတဲ့စာရွက်တွေဟာ ပြီးခဲ့တဲ့ အပတ်က တင်ပြီးသားဖြစ်ပါတယ်။ အစိုးရနဲ့ဆိုင်တဲ့အချက်တွေဆိုလို့ရှိရင် သတင်းသမားတွေ ဘာအချက်အလက်လက်မှ မယူရဘူး ဘာအချက်အလက်မှ မရေးရဘူး။ ဘာမှကို မဆိုင်ဘဲနဲ့ ကျနော်တို့ကိုအငြိုးတကြီးနဲ့ ထောင်မကျ ကျအောင် လုပ်နေတယ်" လို့ ပြောပါတယ်။

၂၂ ကြိမ် ရုံးချိန်းကိုတော့  မနက်ဖန် မေလ ၂၉ ရက်နေ့ကို တရားသူကြီးက ချိန်းဆို လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013