DVB Logo
Home
မြန်မာသတင်း

ကမ်းနီးငါးဖမ်းလှေများ ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်

DVB
·
May 28, 2018
ကမ်းနီးငါးဖမ်းလှေများ ကော့သောင်းဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ တံငါလှေတွေဟာ ငါးမဖမ်းရဲတော့ဘဲ ဆိပ်ကမ်းကို အများအပြား ပြန်လည်ဝင်ရောက်လာနေကြပါတယ်။

ကော့သောင်းခရိုင်ထဲမှာ ကမ်းနီးလုပ်ငန်း လုပ်ကိုင်နေတဲ့ လှေအစီးရေ ၇၀၀ ကျော်ရှိပြီး ၃၀၀ ကျော် ရွှေဟင်္သာရပ်ကွက် ဆိပ်ကမ်းကို ပြန်လည်ဝင်ရောက်လာပြီး ရပ်နားထားတယ်လို့ သိရပါတယ်။

ရေလုပ်သားများဥက္ကဋ္ဌ ဦးကျော်လွင်က “လှေအတိုင်းအတာနဲ့ စက်နဲ့ လွဲနေတာတွေကြောင့်ဖြစ်ပြီး လှေဂရမ် စက်ဂရမ်တွေကိုလည်း အခု ၆ လပိုင်းထဲကို ရောက်တော့မယ်။ ခုထိ မလဲပေးသေးဘူး။ ငါးလှေတွေမှာ ဂရမ်နဲ့ လှေအတိုင်းအတာနဲ့ လွဲနေတာကြောင့် ငါးမဖမ်းဆီးရဲဘဲ ဖြစ်နေကြပါတယ်။ မြိတ်ကျွန်းစု၊ ထားဝယ်ဘက်က ပင်လယ်ပြင်တွေမှာ ရေတပ်က စစ်ဆေးတဲ့အခါ အဖမ်းခံရတယ်လို့ ကြားနေရတဲ့အတွက် ငါးထွက်မဖမ်းရဲတာပါ” လို့  ပြောပါတယ်။

ပင်လယ်ထဲမှာ လှေဂရမ် စက်ဂရမ်တွေကို စစ်ဆေးတာတော့ ရှိပါတယ်။ ကွဲလွဲတာတွေကိုလည်း တွေ့ရပါတယ်။ ဖမ်းဆီးတာတော့ မရှိပါဘူးလို့  ဒေသအခြေစိုက် တပ်မတော်ရေ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း - လတ်ကိုကိုဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013