DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် မိုးကြိုးပစ်၍ တောင်သူ ၁ ဦးနှင့် ကျွဲ ၁ ကောင် သေဆုံး
DVB
·
May 28, 2018
ကျောက်မဲတွင် မိုးကြိုးပစ်၍ တောင်သူ ၁ ဦးနှင့် ကျွဲ ၁ ကောင် သေဆုံး
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုတဲန့်ရွာမှာ မနေ့က မိုးကြိုးပစ်ခံရလို့  တောင်သူ ၁ ဦးနဲ့ ကျွဲ ၁ ကောင် သေဆုံးသွားပါတယ်။

မေလ ၂၇ ရက် နေ့လယ် ၁၂  နာရီခွဲလောက်က ကျောက်မဲမြို့နယ် ခဲမွန်ရွာသား ဦးစိုင်းအိုက်ဦး (အသက် ၅၄ နှစ်) ဆိုသူဟာ ညီမ ၂ ယောက်နဲ့ အတူ ခိုတဲန့်ရွာမှာ ပြောင်းဖူး သွားစိုက်ပြီး ယာတဲမှာ ခေတ္တအနားယူစဉ် မိုးကြိုးပစ်ခံရပြီး  အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သွားရောက်ကြည့်ရှုသူ ခဲမွန်ရွာသား ဦးစိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့မောင်နှမတွေက နေ့လယ်စာနားပြီး ယာတဲမှာနားနေကြတယ်။ ကျွဲကိုတော့ ယာတဲ အနောက်မှာ ချည်ထားတယ်၊ စိုင်းအိုက်ဦးကတော့ ယာတဲရဲ့အရှေ့မြေကြီးပေါ်ရပ်နေတာ၊ သူ့ညီမ ၂ ယောက်ကတော့ ကွပ်ပျစ်ပေါ်ထိုင်နေတာ။ မိုးကြိုးပစ်တဲ့ခါကျတော့ ညီအမတွေက သူတို့အကိုကိုကြည့်လိုက်တော့ ပက်လက်လန်လဲကျနေပြီ။ ကျွဲလည်း လဲကျသွားပြီ၊ အဲဒါ ရွာကိုအကြောင်းကြားလို့ ကျနော်တို့သွားကြည့်တာ။ စိုင်းအိုက်ဦးက ဆံပင်မှာ မီးလောင်ထားတဲ့ အရာတွေ့တယ်။ ကျွဲက ဘာဒဏ်ရာမှ မတွေ့ဘူး။ ပက်လက်လန်ပြီး သေနေတယ်၊  အဲဒီနားမှာ မဲဇလီပင်ရှိတယ်။ အပင်ကိုတော့ မထိဘူး။ ယာတဲရဲ့ တိုင်ကိုလာထိတာ နည်းနည်းပျက်စီးသွားတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ရွာသားတွေက ကျောက်မဲမြို့နယ်ရဲစခန်းကို သွားရော က်တိုင်တန်းရာမှာ  ရဲစခန်းက မှတ်တမ်းတင်ထားပြီး သေဆုံးသူ စိုင်းအိုက်ဦးကို မနေ့ညနေက အဆိုပါ  ခိုတဲန့်ရွာနားမှာဘဲ ချက်ချင်း သင်္ဂြိုဟ်လိုက်တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာတွေရှိရင် မြေကြီးနဲ့ထိတဲ့သူက ပိုပြီးအသက် အန္တရာယ်ရှိတယ်လို့  ဦးစိုင်းဆုက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013