DVB Logo
Home
မြန်မာသတင်း
အလုပ်​ထုတ်ခံခဲ့ရသည့် ​ရွှေမန်း​တောင်​​ဂေါက်​ကွင်း ​အလုပ်​သမား ၃၀​ ကျော်​ဆန္ဒပြ
DVB
·
May 28, 2018
အလုပ်​ထုတ်ခံခဲ့ရသည့် ​ရွှေမန်း​တောင်​​ဂေါက်​ကွင်း ​အလုပ်​သမား ၃၀​ ကျော်​ဆန္ဒပြ
Donate to DVB

 

အလုပ်ကနေ အထုတ်ခံရတဲ့  ဂေါက်​ကယ်​ရီအလုပ်​သမား ၃၀​ ကျော်က ဒီနေ့ မနက်က ရွှေမန်း​တောင်​​ဂေါက်​ကွင်း​ရှေ့မှာ  ​မန္တလေးခရိုင်တရားရုံးကို ဆန္ဒပြခဲ့ကြပါတယ်​။

မန္တ​လေးတိုင်း​ ​အောင်​​မြေသာစံမြို​နယ်​ ​ရွှေမန်း​တောင်​​ဂေါက်​ကလပ်​ ရွှေမန်း​တောင်​ ကုမ္ပဏီလီမိတက်​က မန်​​နေဂျင်းဒါရိုက်​တာနဲ့ ဂေါက်​ကွင်းကယ်​ရီ အလုပ်​သမားတွေ ၂၀၁၆ ခုနှစ်က ဖြစ်​ပွားခဲ့​တဲ့အငြင်းပွားမှုကို မန္တ​လေးခရိုင်​တရားရုံးက စီရင်ချက်ချရာမှာ အခ​ကြေး​ငွေ​ပေး​ချေမှု မရှိဘဲ အဓမ္မလုပ်​အားခိုင်း​စေခဲ့​တဲ့ နစ်​နာမှုတွေကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ချမှတ်ခဲ့လို့ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။

ကို​အောင်​မြင့်သိန်း (ဘဏ္ဍာ​ရေးမှူး) က​ “အလုပ်ဖြုတ်​ခံခဲ့ကြရတဲ့ အလုပ်​သမား ၆၉ ​ယောက်​ကို နစ်​နာ​ကြေးအဖြစ်​ ကျပ် ၁၅ သိန်း ခရိုင်​တရားရုံးက အမိန့်​ ချမှတ်​လိုက်​တဲ့အ​ပေါ် အလုပ်​သမား​တွေက မ​ကျေမနပ်​ဖြစ်​ခဲ့ကြပြီး ပြီးခဲ့တဲ့ ​မေလ ၂၈ ရက်​​နေ့က လူထုစင်​တင်​မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်​ဖို့်​ စီစဉ်​ခဲ့​ပေမယ့် ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက လာ​ရောက်​တားမြစ်​ခဲ့ လို့ သတင်းစာရှင်းလင်းပွဲလည်း ပျက်​ခဲ့ရတယ်​”လို့ ပြောပါတယ်​။

အလုပ်​သမားသမဂ္ဂများ ပူး​ပေါင်း​ဆောင်​ရွက်​​ရေး​ကော်​မတီ (အထက်​မြန်​မာပြည်​ တာဝန်​ခံ) ကို​စောလှ​အောင်​က “ရွှေမန်းတောင်ဂေါက်ကွင်း အဓမ္မအလုပ်ထုတ်ခံခဲ့ကြရတဲ့ ကယ်ရီအလုပ်သမားတွေဟာ ဒီပြဿနာ ဒီအမှုမှာ တောက်လျှောက်အနိုင်ရရှိနေသူတွေ ဖြစ်ပါလျှက် ဒီကနေ့အထိ ဒီရလဒ်ကို မခံစားရသေးဘူး။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ ပြိုကျလျှက်က ပြိုကျလျှက်ပဲ စိတ်ပျက်စရာ အလွန်ကောင်းတယ်”​လို့ ဆိုပါတယ်​။

၂၀၁၆ ခုနှစ် ​​အောက်​တိုဘာ ၉ ရက်​​နေ့ကစတင်​ပြီး အလုပ်​သမားအခွင့်အ​ရေး အပြည့်အဝ ရရှိဖို့ ​ဂေါက်​ကွင်းကယ်​ရီအလုပ်​သမားတွေက ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ အလုပ်​သမား​ ၆၉ ဦးကို ​ရွှေမန်း​တောင်​​ဂေါက်​ကွင်းကုမ္ပဏီက အလုပ်​ထုတ်​ပစ်​ခဲ့တာပါ။

၂၀၁၆ ​အောက်​တိုဘာလ ၉ ရက်​​နေ့မှာ ကျင်းပမယ့် မန်းစီးတီး​ဂေါက်​သီးရိုက်​ပြိုင်​ပွဲကို ဖျက်​ဆီးခဲ့လို့ ဆန္ဒပြခဲ့ကြတဲ့ အလုပ်​သမား​တွေကို အလုပ်​ထုတ်​ပစ်​လိုက်​ရတာလို့ အ​ထွေ​ထွေ ကုမ္ပဏီ မန်​​နေဂျာ ဦးမျိုးသန့်​က​ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013