DVB Logo
Home
မြန်မာသတင်း
အသတ်ခံရသည့် ဖောင်းပြင်ဆရာမလေး ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံခဲ့ရ
DVB
·
May 28, 2018
အသတ်ခံရသည့် ဖောင်းပြင်ဆရာမလေး ဆေးစစ်ချက်အရ အဓမ္မပြုကျင့်ခံခဲ့ရ
1 / 2
Donate to DVB

 

ဖောင်းပြင်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကျောင်းဆရာမလေးဟာ ဆရာဝန်စစ်ချက်အရ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ဖောင်းပြင်မြို့နယ်မှာ မေ ၂၂ ရက်က သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမကို သွားကြိုတဲ့ မန်မော်ကျေးရွာမှ ကျောင်းဆရာမဟာ နေအိမ်ကို ပြန်ရောက်မလာလို့ ဝိုင်းဝန်းရှာဖွေရာမှ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။

ပြစ်မှုကျူးလွန်သူကို ဖောင်းပြင်ရဲစခန်း တာဝန်ရှိသူတွေ စုံစမ်းချက်အရ မေ ၂၅ ရက်က သေဆုံးသူဆရာမလေး အသုဘချတဲ့အချိန် ပြစ်မှုကျူးလွန်သူ စိုးထက်နိုင်က ဇနီးဖြစ်သူအား ဆရာမလေးကို သတ်ဖြတ်ခဲ့တဲ့ကိစ္စ ပြောဆိုခဲ့ပါတယ်။

ဒီနောက် လင်မယား နှစ်ယောက် အတူသေကြမယ်ဆိုပြီး ကြွက်သတ်ဆေး ၁ဝ ထုပ်နဲ့ လီပိုပုလင်းဝယ်ကာ တစ်ယောက် ၅ ထုပ်စီ သောက်ကာ နှစ်ယောက်လုံး ချင်းတွင်းမြစ်ထဲ ခုန်ချခဲ့ရာ အနီးနားမှ တံငါလှေတွေက ဆယ်ယူပြီး ရဲစခန်း ဖုန်းဆက်လို့ ဖောင်းပြင်ကျန်းမာရေးဆရာမ အကူအညီယူပြီး လင်မယားနှစ်ဦးအား ဆေးဝါးကုသပေးခဲ့တယ်လို့ဆိုပါတယ်။

ဇနီးဖြစ်သူနဲ့ ပြစ်မှုကျူးလွန်သူ စိုးထက်နိုင်ရဲ့ ထွက်ချက်တွေအရ မေ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ် လောက်က ပိုးစာကုန်းရွာသို့ သုံးဘီးဘရိတ်ရှူး ဝယ်ဖို့ ဆိုင်ကယ်နဲ့ ထွက်လာခဲ့ရာ ကျေးရွာချင်း ဆက်လမ်း ဆည်ချောင်းတံတားအလွန်မှာ မန်မော် (အလက) ကျောင်းဆရာမလေး ဒေါ်ခင်နှင်းရီကို တွေ့ခဲ့တယ်၊ စိုးထက်နိုင်က တုတ်တချောင်း ကောက်ယူပြီး နောက်မှ လိုက်ကျော်တက်ကာ ဇလုတ်ကြီး တံတားအရောက်မှာ ရပ်စောင့်ဆိုင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဆရာမ ဖြတ်သွားတဲ့အချိန်မှာ နောက်ကနေ တုတ်နဲ့ရိုက်ခဲ့လို့ ဆရာမရဲ့ ဆိုင်ကယ်မှာ တိမ်းမှောက်သွားကြောင်း၊ ဆရာမက အော်ဟစ်အကူအညီတောင်းလို့ တုတ်နဲ့ ထပ်မံရိုက်ခဲ့ကြောင်း၊ ဆရာမ ထဘီမှာ ဆိုင်ကယ်နဲ့ငြိ ကျွတ်ကျန်ခဲ့ပြီး လဲသွားတာကို တုတ်နဲ့ ထပ်မံရိုက်ရာ ငြိမ်သွားခဲ့ကြောင်း၊ ရိုက်ခဲ့တဲ့ သစ်သားချောင်းအား လွှင့်ပစ်ခဲ့တယ်၊ ဒီနောက် ဆရာမထံကနေ ညည်းညူသံထွက်လာလို့ အသင့်တွေ့ရှိတဲ့ ကျောက်ခဲနဲ့ ဆရာမရဲ့ နောက်စေ့အား ၂ ချက်တိတိ ထုရိုက်ကာ ကျောက်တုံးကို လွှင့်ပစ်ခဲ့ပြီးနောက် ပိုးစာကုန်းရွာထိပ်ရှိ အိမ်ရှေ့ရေကန်မှာ လက်မှာပေနေတဲ့ သွေးစတို့ကိုရေဆေးပြီး ဝယ်ရန်ရှိတဲ့ ပစ္စည်းတို့ကို ဝယ်ခဲ့တယ်။ ဒီနောက် ဒေါ်ခင်နှင်းရီအလာကို စောင့်နေတဲ့ ဆမရာတဦးကို ဆိုင်ကယ်နဲ့ တင်ပြီး  မန်မော် ရွာသို့ ပြန်လာခဲ့ကြောင်း ထွက်ဆိုသွားခဲ့ပါတယ်။

တာဝန်ရှိတွေက ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံမှာ အလောင်းအား စစ်ဆေးရာ အဓမ္မမှုကျူးလွန်ထားကြောင်း တွေ့ရတာကြောင့် ပြစ်မှုကျူးလွန်သူက ငြင်းကွယ် ထွက်ဆိုနေပေမယ့် ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ မှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013