DVB Logo
Home
မြန်မာသတင်း
အမှိုက်လျှော့ချရေး အသိပညာပေးပွဲ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
DVB
·
May 27, 2018
အမှိုက်လျှော့ချရေး အသိပညာပေးပွဲ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
1 / 4
Donate to DVB

 

Clean Yangon Campaign အဖွဲ့ရဲ့ ၁ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားနဲ့ အမှိုက်လျှော့ချရေး အသိပညာပေးပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းခဲ့ပါတယ်။

ဒီပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပရဟိတ အဖွဲ့ပေါင်း ၅၀ အပါအဝင် အနုပညာရှင်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အခုလို အမှိုက်ကောက်လှုပ်ရှားမှုတွေ လုပ်ဆောင်လာတာဟာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ လျော့နည်းလာပြီး ဒီနေ့မှာဆို ကောက်စရာ အမှိုက်တောင် မတွေ့ဘူးလို့ ပါဝင်နဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒါ့ပြင် NGO နဲ့ INGO အဖွဲ့အစည်းတွေပါ အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့အတွက် လှုပ်ရှားမှုတွေပါရှိလာပြီး သဘာဝပတ်ဝန်းကျင်မှာ အမှိုက်နည်းအောင် ရည်ရွယ်တဲ့ စွန့်ပစ် ပစ္စည်းတွေဖြစ်တဲ့ စက္ကူကော်ဖီမစ်အိတ်အခွံနဲ့ ပလပ်စတစ်အိတ်တွေကို လူသုံးကုန် ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုဖို့နဲ့ ပညာပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013