DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရရှိရန် ဘုံသဘောဆန်သည့် ရည်မှန်းချက် ရှာဖွေရမည်ဟု ဗိုလ်ချုပ်ကြီးမူတူး တိုက်တွန်း
DVB
·
May 27, 2018
ငြိမ်းချမ်းရေးရရှိရန် ဘုံသဘောဆန်သည့် ရည်မှန်းချက် ရှာဖွေရမည်ဟု ဗိုလ်ချုပ်ကြီးမူတူး တိုက်တွန်း
Donate to DVB

 

ငြိမ်းချမ်းရေးဆွေးနွေးတွေ အောင်မြင်မှု ရရှိသင့်သလောက်မရရှိတာဟာ အစိုးရ၊ တပ်မတော်၊ EAOs တွေအကြားမှာ တူသယောင်ယောင်နဲ့ ကွဲပြားတဲ့ ရည်မှန်းချက်ပန်းတိုင် ကိုယ်စီရှိကြတာကြောင့်ဖြစ်ပြီး ဘုံသဘောဆန်တဲ့ ရည်မှန်းချက်တွေ ရှာဖွေရမယ်လို့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

ရင်ဆိုင်နေရတဲ့ တစ်ဆို့မှုတွေမှာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေ၊ လုပ်ငန်းစဉ်အရ အခက်ခဲတွေ၊ အချက်အလက်အရ ညှိနှိုင်းရာမှာ ကွာဟချက် ကြီးမားနေတာတွေကြောင့်လား ဆိုတာကို ဆန်းစစ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးရရှိအောင် ဘုံဆိုင်ရာ လုပ်ငန်းစဉ်၊ သဘောထား မျှော်မှန်းချက်နဲ့ စံတန်ဖိုးတွေကို ရှာဖွေနိုင်မယ်ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုရရှိမယ်လို့ ဆိုပါတယ်။

အန်စီအေ အကောင်အထည်ဖော်မှုမှာ ဘယ်လို အခက်အခဲပဲ ကြုံပါစေ၊ အပြန်အလှန် အလေးထား အသိအမှတ်ပြုခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ အကြေအလည် ညှိနှိုင်းခြင်း၊ အင်အားမသုံးခြင်း အစရှိသည်ဖြင့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို အခြေခံပြီး ငြိမ်းချမ်းရေး ရရှိရေး အတူကြိုးစားကြဖို့လည်း မူတူးစေးဖိုးက တိုက်တွန်းပါတယ်။

အဲဒီအစည်းအဝေးဟာ PPST ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့တွေရဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး တင်ပြချက်တွေကို ပြန်လည်ညှိနှိုင်း ဆွေးနွေးကြမယ့်အပြင် ရှေ့ဆက်အကောင် အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေအကြောင်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မကြာခင်ကမှ အန်စီအေမှာ လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013