DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် မြေကျင်းပိ၍ လူ ၂ ဦး သေဆုံး
DVB
·
May 27, 2018
မိုးညှင်းမြို့နယ်တွင် မြေကျင်းပိ၍ လူ ၂ ဦး သေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ မနေ့က မြေကျင်းပိမိပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မေလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲမှာ မိုးညှင်းမြို့နယ် တုံပင်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မောင်တာပိုင် ဟင်းရှာထွက်ဖို့ မမုန်ကိုင်ကျေးရွာ အနောက်ဘက် ရွှေမှော်ဟောင်း နေရာသို့ ဖြတ်သွားစဉ် လူ ၂ ဦး မြေကျင်းပိနေတာကို တွေ့ရှိတဲ့အတွက် လုံးတုံနယ်မြေရဲစခန်း ကို အကြောင်းကြား သတင်းပေးပို့ခဲ့တာပါ။

သတင်းပေးပို့ချက်အရ လုံးတုံ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေး ခဲ့ရာ ကျော်ဆန်းဝင်း (၁၇)နှစ်ပါ ၂ ဦး (ကျား ၁၊ မ ၁) တို့ကို မှောက်လျက်အနေအထားနဲ့ မြေကျင်းပိမိ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လုံးတုံ နယ်မြေရဲစခန်းက သေမှုသခင်း အမှတ်စဉ်(၁၂/၂၀၁၈)နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013