DVB Logo
Home
မြန်မာသတင်း
တွံတေးတွင် ၁၀,၀၀၀ ကျပ်တန် ငွေအတု ၃၁ ရွက် ဖမ်းမိ
DVB
·
May 27, 2018
တွံတေးတွင် ၁၀,၀၀၀ ကျပ်တန် ငွေအတု ၃၁ ရွက် ဖမ်းမိ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မှာ ငွေစက္ကူအတု ၁၀,၀၀၀ တန် ၃၁ ရွက်ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မေလ ၂၆ ရက်နေ့ ၁၀ နာရီခွဲမှာ တွံတေးမြို့ မြို့မဈေးကြီးအတွင်းမှ အမျိုးသမီး ၁ ဦးက ၁၀,၀၀၀ တန် ငွေစက္ကူအတုတွေနဲ့ လိုက်လံဈေးဝယ်နေတဲ့အတွက် တွံတေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ ၃၁ ရွက် ဖမ်းမိခဲ့တာပါ။

တွံတေးမြို့မ ဈေးကြီးရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ အသက် ၅၃ နှစ်အရွယ် ဒေါ်------ဟာ ငွေ ၁၀၀၀၀ ကျပ်တန်အတုနဲ့ ဈေးဝယ်နေတာကို တွေ့ရှိရတဲ့အတွက် ရှာဖွေရာဝတ်ဆင် ထားတဲ့ အင်္ကျီအိတ်ကပ်အတွင်းမှ ၁၀,၀၀၀ တန် ငွေစက္ကူအတု ၃၁ ရွက်နဲ့ ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ငွေစက္ကူအတုတွေနဲ့ ဖမ်းမိတဲ့ ဒေါ်------ကို တွံတေးမြို့မရဲစခန်းမှ (ပ)၄၅၅/ ၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013