DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၊ တောင်သူများ အရှုံးပေါ်
DVB
·
May 27, 2018
မြင်းခြံတွင်​ ကြက်​သွန်​နီ​ဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ၊ တောင်သူများ အရှုံးပေါ်
Donate to DVB

 

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့မှာ ကြက်​သွန်​နီ​ဈေးနှုန်းတွေ ဆက်​တိုက်​ကျဆင်း​နေ တဲ့အတွက် ကြက်​သွန်​နီပွဲရုံ​တွေမှာ အ​ရောင်းအဝယ်​​အေးသွားပြီး တောင်သူတွေ အရှုံးပေါ်နေတယ်​လို့ ​ရွှေဒင်္ဂါးပွဲရုံမှ ​ကို​ကျော်​ဇင်​ထွန်းက ​ပြောပါတယ်​။

ရွှေဒင်္ဂါး ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ထွန်း​ က “ကြက်​သွန်​​ဈေးနှုန်းက ဆက်​တိုက်​ကို ကျဆင်းသွားတယ်​။ အ​ရောင်းအဝယ်​ကလည်း သိသိသာသာ​အေးသွားတယ်​၊ ပြီး​တော့ တရုတ်၊​ မြဝတီ၊ မဲ​ဆောက်​ စတဲ့ ​နေရာ​တွေကလည်း အ​ရောင်းအဝယ်​​အေး​နေ​တော့ ထင်​သ​လောက်​ တင်​ပို့လို့မရဘူး။ ပြည်​တွင်း​ဈေးကွက်​ကလည်း အ​ရောင်းအဝယ်​​အေး​နေ​တော့ ဒီမှာက ​ဈေးနှုန်းဆက်​တိုက်​ကျဆင်းသွားတယ်​။ ​နောက်​ပြီး ကြက်​သွန်​ဝင်​​ရောက်​မှုကလည်း နည်းသွားတယ်​၊။ အခု​ဈေးနဲ့ဆို ​တောင်​သူ​တွေလည်း အရှုံး​ပေါ်​နေတယ်​”လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ပြီးခဲ့တဲ့နှစ်​​က ကြက်​သွန်​နီ​ဈေးနှုန်းများ အဆမတန်​ မြင့်မားသွားတာ​ကြောင့် ယခုနှစ်​ ကြက်​သွန်​စိုက်​ပျိုးတဲ့ ​တောင်​သူအများစုက ​ဈေး​ကောင်းရရှိဖို့​ ​မျှော်​လင့်နေကြတာလည်း ဖြစ်​ပါတယ်​။

ကြက်​သွန်​​လာ​ရောက်​​ရောင်းချသူ တ​ဦးက “ကျ​နော်​တို့ ကြက်​သွန်​စိုက်​တဲ့​ တောင်​သူ​တွေ က မနှစ်​က ​ဈေး​ကောင်း​ရောင်းရ​တော့ ဒီနှစ်​လည်း ​မျှော်​လင့်နေတာ​ပေါ့၊ လက်​ရှိ​ဈေးနဲ့က အများကြီး ရှုံးပါတယ်​။ ကြက်​သွန်​စိုက်​ပျိုးတဲ့ ကုန်​ကျစရိတ်​ အလုပ်​သမားစရိတ်​​တွေက များပါ တယ်​။ စာဝတ်​​နေ​ရေးအတွက်​ မဖြစ်​လို့​ရောင်းရ​တော့ အရှုံးနဲ့​ပဲရောင်းရတာ​ပေါ့”လို့ ​ပြောပါ တယ်​။

ပြီးခဲ့တဲ့နှစ်​က ခုလို ကြက်​သွန်​နီ​ပေါ်ချိန်​မှာ ၁ ပိဿာကို ၈၀၀ ကျပ်​မှ ၁၀၀၀ ကျပ်​ဝန်းကျင်​ အထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး အခုနှစ်မှာ​တော့ ကြက်​သွန်​နီ ၁ ပိဿာ ၃၅၀ ကျပ်​မှ ၆ဝဝ ကျပ်​ဝန်းကျင်​ ​ဈေးနှုန်းသာ အ​ရောင်းအဝယ်​ ပြုလုပ်​​နေတာလည်း ဖြစ်​ပါတယ်​။

မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ​နေ့စဉ်​ ကြက်​သွန်​နီ ကုန်​ချိန်​ ပိဿာ ၄သောင်း မှ ၅သောင်း ဝန်းကျင်​ နေ့စဉ်​ဝင်​​ရောက်​​နေပြီး ​ကြက်​သွန်​အမျိုးအစားလိုက်​ပြီး ၁ ပိဿာကို ၃၅၀ ကျပ်​မှ ၆၀၀ ကျပ်​အထိ အ​ရောင်းအဝယ်​ပြုလုပ်​​နေတာလည်း ဖြစ်​ပါတယ်​။

ကြက်​သွန်​နီ သို​လှောင်​ထားရှိမယ့် သူတွေက ကြက်​သွန်​ထွက်​ရှိတဲ့ ​ဒေသလိုက်​ပြီး ၁ ပိဿာကို ၆၂၅ ကျပ်​ထိ ​အ​ရောင်းအဝယ်​ ပြုလုပ်​​နေတယ်​လို့ ​ရွှေဒင်္ဂါပွဲရုံးမှ သိရပြီး မြင်းခြံမြို့နယ်​ဟာ ကြက်​သွန်​နီကို အဓိကထား စိုက်​ပျိုးတဲ့ ​ဒေသလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013