DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ပြန်လာသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
DVB
·
May 27, 2018
ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ပြန်လာသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
Donate to DVB

 

ဖမ်းဆီးပြစ်ဒဏ်ချခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံထဲ မိမိသဘောနဲ့ ပြန်ဝင်လာသူ ၆၂ ယောက်ရဲ့ ပြစ်ဒဏ်တွေကို သမ္မတက လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဆက်မနေချင်တော့တဲ့ နေရပ်စွန့်ခွာသူတွေဟာ ဒီကာလမှာ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လာတာရှိတယ်လို့ ဆိုပါတယ်။

သူတို့ကို ဒေသခံ အဖွဲ့အစည်းတွေက ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ခဲ့ တာကြောင့် ပြန်လက်ခံရေးစခန်းမှာ စနစ်တကျစိစစ်တာတွေလုပ်ပြီး ကြားစခန်းမှာ ထားရှိ နိုင်ရေးအတွက် ကျခံနေရတဲ့ ပြစ်ဒဏ်တွေကို သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသူတွေဟာ လိုအပ်တဲ့ ပုံစံတွေ ဖြည့်ဖို့ကိစ္စ၊ လက်ခံရေး စခန်းတွေကတဆင့် ဝင်ရောက်ရမယ် ဆိုတာတွေကို မသိကြဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒါကြောင့် ဝင်ရောက်လာလို့ ဖမ်းဆီးခံရသူတွေထဲက အကြမ်းဖက်မှုမှာ ပါ၊ မပါ စိစစ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၅၈ ယောက်၊ တရားစွဲဆိုနေတုန်း ရုပ်သိမ်းပေးခဲ့သူ ၄ ယောက်တို့ကို ဘူးသီးတောင် ထောင်ကနေ ငါးခူရ ပြန်လည် လက်ခံရေး စခန်းကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ ပြန်ဝင်လာသူတွေထဲမှာ အကြမ်ဖက်မှုနဲ့ ပတ်သက်တယ်ဆိုရင်တော့ ထိရောက်စွာ အရေးယူမယ်လို့လည်း  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013