DVB Logo
Home
မြန်မာသတင်း
"ရုပ်ရှင်ဟာ မသေမရှင်"  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ
DVB
·
May 27, 2018
"ရုပ်ရှင်ဟာ မသေမရှင်"  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

3-ACT ရုပ်ရှင်မဂ္ဂဇင်းအတွဲ ၁ ကိုမိတ်ဆက်တဲ့အနေနဲ့ "ရုပ်ရှင်ဟာ မသေမရှင်" ခေါင်းစဉ်နဲ့ လက်ရှိမြန်မာ့ရုပ်ရှင်လောကအခြေအနေဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးက ပဉ္စရသအနုပညာပြခန်းမှာကျင်းပခဲ့ပါတယ်။

စကားဝိုင်းကို ရုပ်ရှင်အရေးလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေဖြစ်ကြတဲ့ မြတ်နိုး၊ ဟန်ဆန်း၊ သိဒ္ဓိ၊ တင်ထက်ပိုင်၊ ထူးပိုင်ဇော်ဦး၊ သူသူရှိန်၊ ခင်စန္ဒာမြင့်နှင့် အောင်ဖြိုး တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

3-Act အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆိုင်ရာ ပညာရပ်၊ အကိုးအကားနဲ့ အစီအစဉ်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

3-ACT ရုပ်ရှင်မဂ္ဂဇင်းကို တနှစ်ကို ၃ အုပ်နှုန်းနဲ့ မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေသွားမယ်လို့ 3-Act အဖွဲ့ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013