DVB Logo
Home
မြန်မာသတင်း
ထိုင်းမှပြန်လာမည့် ဒုက္ခသည်များအတွက် အိမ်ရာဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းပြီးစီး
DVB
·
May 27, 2018
ထိုင်းမှပြန်လာမည့် ဒုက္ခသည်များအတွက် အိမ်ရာဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းပြီးစီး
Donate to DVB

 

ထိုင်းနိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေနေထိုင်ဖို့အတွက် မြ၀တီခရိုင်၊ ဝေါလေမြိုင်မှာ အိမ်ရာတွေ ဆောက်လုပ်နေတာ ၈၅ ရာခိုင်နှုန်း ပြီးစီပြီလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီခရိုင် ဝေါလေမြိုင်မြို့ လော့ခေါ်ကျေးရွာ အုပ်စု အူးဟူးထကျေးရွာမှာ နီပွန် ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့လှူဒါန်းငွေနဲ့ Lwin & Soe Brother ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေတာပါ။

ထိုင်းနိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေ လက်ခံဖို့အတွက် တန်ဖိုးနည်းအိမ်ရာ အလုံး ၅၀ ဆောက်လုပ်နေတာ ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီလို့ ဆိုပါတယ်။

အိမ်ရာအဆောက်အအုံအရွယ် အစားမှာ အလျား ပေ ၄၀၊ အနံ ၂၂ ပေ၊ အမြင့် ၁၆ ပေရှိ Steel structure အုပ်ညှပ် တစ်ထပ်တိုက်ဖြစ်ပြီး အိမ်တစ်လုံးအတွက် ရန်ပုံငွေချထားပေးမှုမှာ ၁၂၃ သိန်း ဖြစ်သည်။

အဆိုပါ အိမ်ရာတွေမှာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင် တစ်ခန်းနဲ့ ရေချိုးခန်းအိမ်သာတွဲလျက် တစ်ခန်းပါရှိပါတယ်။ အိမ်ရာတွေကို ဇွန်လမကုန်ခင် ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013