DVB Logo
Home
မြန်မာသတင်း
ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်​အချို့ကို တရားစွဲဆို
DVB
·
May 27, 2018
ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်​အချို့ကို တရားစွဲဆို
Donate to DVB

 

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား​တောင်​ကလပ်​ ​ဂေါပကဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်​အချို့ကို အများပြည်​သူ လှူဒါန်းထား​တဲ့ ​ငွေအချို့နဲ့ပတ်​သက်​ပြီး ပွင့်လင်းမြင်သာမှုမရှိလို့ တရားစွဲဆိုထား​ကြောင်း ​​တရားစွဲဆိုသူ ဦးစိုးညွန့်​က ပြောပါတယ်။

ဦးဆောင် တရားစွဲဆိုသူ ဦးစိုးညွှန့်က “လက်​ရှိအဖွဲ့ ​ဂေါပကဥက္ကဋ္ဌအပါဝင် ၆ ဦးနဲ့ ဓာတ်​နန်း၊ နတ်​နန်းတို့မှ နန်းထိုင်​ ၇ ဦးနဲ့ စာ​ရေးမ၊ ကြီးကြပ်​​ရေးတို့အပါအ၀င်​ အားလုံး​ ၁၅ ဦးကို လက်​ဆက်​​ငွေနဲ့ ကန်​တော့​ငွေတွေကို ပွင့်လင်းမြင်​သာမှုမရှိလို့ တရားစွဲဆိုထား​တယ်”လို့ ပြောပါတယ်။

ကျောက်​ပန်း​တောင်းမြို့နယ်​ တရားရုံးမှာ အမှုအမှတ်​ ၂၀၃ ရာဇသတ်​ကြီးပုဒ်​မ ၄၀၆ အရ တရားစွဲဆိုထားတာလို့ ဆိုပါတယ်။

တရားစွဲဆိုရတဲ့အ​ပေါ် ​တောင်​ကလပ်​​ကျေးရွာ​နေ ကိုညိုထွန်းက “ပုပ္ပား​တောင်​ကလပ်​ မှာ အလှူခံဌာနကြီး ၇ ခုက ၁ လမှ ၄ သိန်းပဲ အပ်ပါတယ်။ တကယ့်တကယ် ပျမ်းမျှနှုန်း တွက်မယ်ဆိုရင် တရက်မှ ၂ ထောင်ပတ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကို အများပြည်သူက ဒီထက်မကဘူး ဆိုတာ သိလို့ အများပြည်သူရဲ့ ဆန္ဒအရ ကိုစိုးညွှန့်က ဦးဆောင်ပြီး တရားစွဲဆိုတာပါ။”လို့ ပြောပါတယ်။

တရားစွဲခံရတဲ့အပေါ် ဂေါပကဥက္ကဋ္ဌ ဦးသာအေးက အရင်​​ဂေါပက လက်​ထက်​ကတည်းက အခုလို သတ်​မှတ်​​ငွေအချိုးအစားနဲ့ ကန်​ထရိုက်​ပုံစုံမျိုး ​ပေးသွင်း​နေကြတာလို့ ပြောပါတယ်။

“၄ သိန်း ၁ သောင်း ၅ ထောင် ငွေက ပြီးခဲ့တဲ့ ဂေါပက သက်တမ်းကနေပြီး သတ်မှတ်ထားတာပါ။ ဦးတို့ သက်တမ်း ၄ လပဲရှိသေးတာဖို့ ဦးတို့က မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ အားလုံး ညှိနှိုင်းပြီးတော့ တိုးသင့်မတိုးသင့်၊ တိုးတာတော့ တိုးရမှာပဲ။ ဘယ်လောက်တိုးရမလဲဆိုတာ သူတို့နဲ့ ညှိနှိုင်းထားပါတယ်”လို့ ပြောပါတယ်။

 

ကိုလင်း (​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013