DVB Logo
Home
မြန်မာသတင်း
ကျောက်စရစ်ထုတ်ယူမှုကြောင့် ဘာသာရေးအဆောက်ဦအချို့ ပြိုကျမည့်အန္တရာယ် ရင်ဆိုင်နေရ
DVB
·
May 27, 2018
ကျောက်စရစ်ထုတ်ယူမှုကြောင့် ဘာသာရေးအဆောက်ဦအချို့ ပြိုကျမည့်အန္တရာယ် ရင်ဆိုင်နေရ
1 / 5
Donate to DVB

 

မကွေးတိုင်း သရက်မြို့နယ်ထဲမှာ တရားမ၀င် ကျောက်စရစ်ထုတ်ယူမှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ ပြိုကျပျက်စီးတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ကိုယ်ထူကိုယ်ထ ကာကွယ်နေရတာကြောင့် အလှူရှင်တွေ လိုအပ်နေပါတယ်။

မကွေးတိုင်း သရက်မြို့ ဘိလပ်မြေစက်ရုံအနားမှာရှိတဲ့ ထုံးတောင်ကျေးရွာက ဧရာဝတီ မြစ်ဘေးမှာရှိတဲ့ ထုံးတောင်ဘုန်းတော်ကြီးကျောင်းနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က တည်ဆောက်ထားတဲ့ သိမ် နဲ့ ရှေးဟောင်းစေတီတော်လေးတွေက ကမ်းပါးပြိုကျတဲ့အထဲကို ပါသွားတော့မယ့် အခြေအနေကို ရောက်ရှိနေတာပါ။

ဒါကြောင့်ဒေသခံတွေ ကျေးရွာသားတွေ ကိုယ်ထူကိုယ်ထနဲ့ ကျောက်စီနံရံတခု တည်ဆောက်နေတာပါ။ သူတို့ရွာထဲမှာပဲ အလှူခံဆောင်ရွက်လာကြရာမှာ ၃၇ သိန်းကောက်ခံ ရရှိခဲ့ပြီး အခုငွေကုန်သွားတော့ အလုပ်ရပ်တန့်ထားရမယ့် အခြေအနေကို ရောက်ရှိနေပါပြီလို့ ဂေါပကအအဖွဲ့ အတွင်းရေးမှူး ဦးသန်းငွေကရှင်းပြပါတယ်။

ထုံးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက “အခုလိုဖြစ်တာက ကျောက်စရစ်စုပ် စက်လှေတွေကြောင့်ဖြစ်ပြီး နိုင်ငံတော်အနေနဲ့ တားမြစ်ပေးစေချင်တယ်လို့ ဆိုပါတယ်။ အခု ကိုယ်ဟာကိုယ်ရွာထဲမှာပဲ အလှူခံပြီး ကိုယ့်ထမ်းထုပ်နဲ့ကိုယ် လုပ်အားပေးပြီး ကာကွယ်နေရတာ ရေရှည်ကြရင်တော့မလွယ်ဘူး”လို့ ဆိုပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးယုမော်ကတော့ ထွေအုပ်နဲ့ သက်ဆိုင်ရာဌာနတွေနဲ့အတူ သွားရောက်ကြည့်ရှုပြီး တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

ကမ်းပါးပြိုထဲကို အတောင် ၂၀ လောက် ရေထဲပါသွားခဲ့ပြီး အခုဆိုရင် သိမ်၊ စေတီတွေနဲ့ ၅ ပေလောက်ပဲ လိုပါတော့တယ်။ ကျောက်စရစ်စက်လှေတွေကို လွှတ်တော်နဲ့ နိုင်ငံတော် အဆင့်အထိ အကြောင်းကြားထားခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိပါဘူး။

ကျောက်စရစ်စက်လှေတွေက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက လုပ်လာကြပြီး အဲဒီ ကတည်းက တဖြည်းဖြည်းနဲ့ ပြိုကျလာခဲ့ရာ အခုဆိုရင် အခြေအနေက ရွာထဲက အိမ်တွေပါ ပါလာတော့မယ့် အခြေအနေကိုရောက်ရှိနေတဲ့အတွက် ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေရာက ငွေကုန်သွားတာကြောင့် အလှူရှင်တွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013