DVB Logo
Home
မြန်မာသတင်း
ကယားပြည်​နယ်​ ရင်းနှီးမြှုပ်​နှံမှုကဏ္ဍ တိုးတက်​​ရေး ဖိုရမ်​ကျင်းပ
DVB
·
May 27, 2018
ကယားပြည်​နယ်​ ရင်းနှီးမြှုပ်​နှံမှုကဏ္ဍ တိုးတက်​​ရေး ဖိုရမ်​ကျင်းပ
1 / 5
Donate to DVB

 

ကယားပြည်​နယ်​မှာ ရင်းနှီးမြှုပ်​နှံနိုင်​မယ့် အခွင့်အလမ်း​တွေ များပြားလာ​စေဖို့အတွက်​ ပြည်​တွင်း၊ ပြည်​ပက ရင်းနှီးမြှုပ်​နှံသူ​တွေနဲ့ ​ချိတ်​ဆက်​​ဆောင်​ရွက်​နိုင်​မယ့်ဖိုရမ်​ကို ကယားပြည်​နယ်​ရှိ ပြည်​နယ်​ခန်းမမှာ ​မေလ ၂၆ ရက်​​နေ့က ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

ရင်းနှီးမြှုပ်​နှံသူ​တွေအ​တွက်​ ကယားပြည်​နယ်​မှာ ရင်းနှီးမြှုပ်​နှံနိုင်​မယ့်စိုက်​ပျိုး​ရေး၊ တွင်းထွက်​သယံဇာတ၊ ထုတ်​လုပ်​မှုကဏ္ဍ၊ ဘဏ်​လုပ်​ငန်း၊ ဟိုတယ်​နဲ့ ခရီးသွားလာ​​ရေးကဏ္ဍ​​ တွေကို အစိုးရဖက်​က ရှင်းလင်းတင်​ပြတာ​တွေနဲ့ ကယားပြည်​နယ်​နဲ့ မြန်​မာနိုင်​ငံ ရင်းနှီးမြှုပ်​နှံမှု ဥပ​ဒေ​တွေကိုလည်း တက်​​ရောက်​လာတဲ့ ကိုယ်​စားလှယ်​​တွေကို ရှင်းလင်းတာ​တွေ ပြုလုပ်​ခဲ့ ပါတယ်​။

လက်​ရှိ မြန်​မာနိုင်​ငံ ရင်​နှီးမြှုပ်​နှံ​​ထားတဲ့ ပြည်​တွင်း၊ ပြည်​ပ ကုမ္ပဏီ​တွေကလည်း ၎င်းတို့ရဲ့ လုပ်​ငန်းအ​ခြေအ​နေ​တွေကို ရှင်းလင်းမျှ​ဝေတာ​တွေနဲ့ သုံးသပ်​တာ​တွေ ပြုလုပ်​ခဲ့ပါတယ်​။

ကယားပြည်​နယ်​ ဝန်​ကြီးချုပ်​ ဦးအယ်​လ်ေ​ဖာင်းရှိုက "ကျ​နော်​တို့ ကယားပြည်​နယ်​ အတွင်းမှာ ရင်းနှီးမြှုပ်​နှံမှု​တွေ ဝင်​​ရောက်​လာပြီး ကယားပြည်​နယ်​ ဘက်​စုံဖွံ့ဖြိုးတိုးတက်​လာ​​စေ ဖို့အတွက်​ ရည်​ရွယ်​ပြီး ဒီဖိုရမ်​ကို ကျင်းပပြုလုပ်​ခြင်းဖြစ်​ပါတယ်​။ အဲ့​တော့ ဒီလို ဖွံ့ဖြိုး တိုးတက်​​ရေးကို ​ဆောင်​ရွက်​တဲ့​နေရာမှာ ငြိမ်းချမ်း​ရေးအခန်းကဏ္ဍဟာ မရှိမဖြစ်​ အ​ရေးပါတဲ့ အခန်းကဏ္ဍဖြစ်​ပါတယ်​။ ငြိမ်းချမ်း​ရေးနဲ့ ဖွံ့ဖြိုးတိုးတက်​​ရေးဟာ အပြန်​အလှန်​အမှီသဟဲ ပြု​နေတယ်​"လို့ ​ပြောပါတယ်​။

ဒါ့အပြင်​ ဝန်​ကြီးချုပ်​က အခုလို ဖွံ့ဖြိုး​ရေးလုပ်​ငန်းကို ​ဆောင်​ရွက်​တဲ့​နေရာမှာ ပြည်​တွင်း၊ ပြည်​ပက ရင်းနှီးမြှုပ်​နှံသူ​တွေအ​နေနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ဖို့ လိုအပ်​ပြီး အပြန်​အလှန် ​အကျိုးအမြတ်​ရရှိ​ရေးအတွက်​ လုပ်​​ဆောင်​သွားကြဖို့ တိုက်​တွန်း​ပြောဆိုပါတယ်​။

ကယားပြည်​နယ်​အစိုးရက​တော့ ပြည်​နယ်​တွင်း ရာသီထွက်​ သီးနှံ​တွေ၊ တွင်းထွက် ​ပစ္စည်း​တွေ၊ ရိုးရာအထည်​​တွေနဲ့ အခြားလက်​မှုထွက်​ကုန်​ပစ္စည်း​ စတာ​တွေကို ခင်းကျင်းပြသ ခဲ့ပါတယ်​။

ကယားပြည်​နယ်​မှာ ရင်းနှီးမြှုပ်​နှံမယ့်ပြည်​တွင်း၊ ပြည်​ပက လုပ်​ငန်းရှင်​​တွေနဲ့ ဆက်​ပြီး ​တွေ့ဆုံ​ဆွေး​နွေးတာ​တွေ၊ ရင်းနှီးမြှုပ်နှံနိုင်​မယ့်​နေရာ​တွေကို ပြသတာ​တွေ လုပ်​​ဆောင်​သွားဖို့ ရှိပါတယ်​။

ဒီဖိုရမ်​မှာ ပြည်​​ထောင်​စုရင်းနှီးမြှုပ်​နှံမှု​ကော်​မရှင်​၊ ကယားပြည်​နယ်အစိုးရအဖွဲ့၊ ကယား ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ၊ ပြည်​တွင်း၊ ပြည်​ပက လုပ်​ငန်းရှင်​​တွေ၊ နိုင်​ငံ​ရေး ပါတီ​တွေ၊ အိုင်​အန်​ဂျီအို​တွေနဲ့ တိုင်းရင်းသားလက်နက်​ကိုင်​ ငြိမ်းချမ်း​ရေးအဖွဲ့အစည်း​တွေ ပါဝင်​တက်​​ရောက်​ခဲ့ကြပါတယ်​။

ဒါ့အပြင်​ အ​ရှေ့​တောင်​ အာရှနိုင်​ငံ​​တွေဖြစ်​တဲ့ သီရိလင်္ကာ၊ ဖိလစ်​ပိုင်​၊ စင်္ကာပူ၊ ဗီယက်​နမ်​နဲ့ ထိုင်းနိုင်​ငံ​တွေက သံအမတ်​​တွေနဲ့ အီဂျစ်​၊ တူရကီနိုင်​ငံက ဒုသံအမတ်​​တွေလည်း တက်​​ရောက်​ခဲ့ပါတယ်​။ 

ယခု ဖိုရမ်​ဟာ ကယားပြည်​နယ်​မှာ ပထမဆုံးပြုလုပ်​တာဖြစ်​ပြီး ကယားပြည်​နယ်​အစိုးရ အဖွဲ့နဲ့ ကယားပြည်​နယ်​ ရင်းနှီးမြှုပ်​နှံမှု​ကော်​မရှင်​တို့က စီစဉ်​​​ဆောင်​ရွက်​ခဲ့တာဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013