DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များ ရခိုင်သို့ရောက်ရှိ
DVB
·
May 27, 2018
ပြည်တွင်းပြည်ပ ဘာသာရေးခေါင်းဆောင်များ ရခိုင်သို့ရောက်ရှိ
Donate to DVB

ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးဘာသာရေးဆောင်တွေဟာ မေ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီမှာမြန်မာ့လေကြောင်းနဲ့ စစ်တွလေဆိပ်ကို ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်မှာတော့ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရအောင်ကို၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူး ဦးမင်းသိန်း၊ ငြိမ်းချမ်းရေးမေတ္တာအဖွဲ့က ဥက္ကဋ္ဌဦးမြင့်ဆွေ၊ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် ၅ ဦးအပါအဝင် အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးဟာဂျီ ဦးအေးလွင်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဒီခရီးစဉ်မှာ Mr.Bishop Gunnar Stalsett (RfP Honorary President) နဲ့ Rev.Kyoichi Sugino(RfP Deputy Secretary General) တို့လည်း ပါဝင်လာပါတယ်။

ဒီခရီးစဉ်မှာ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေဟိန္ဒူဘာသာရေးခေါင်းတွေ၊ ခရယာန်ဘာသာရေး ဆောင်တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ အခုဒီခရီးစဉ်ဟာ ပထမဦးဆုံးငြိမ်းချမ်းရေး ခြေလှမ်းအဖြစ် ရောက်ရှိလာတာလို့ ဟာဂျီဦးအေးလွင်က ပြောပါတယ်။

ဘာသာရေးခေါင်းဆောင်အဖွဲ့ဟာ ဒီနေ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ မောင်တောဒေသကို စစ်တွေလေဆိပ် ကနေတဆင့် ရဟက်ယာဉ် သွားရောက်မှာ ဖြစ်ပါတယ်။

မောင်တောဒေသ ပြန်လည်နေရာချထားရေးနဲ့ နယ်စပ်ခြံစည်းရိုးတွေကို သွားရောက် ကြည့်ရှုမယ်လို့ ဦးအေးလွင်က ပြောပါတယ်။

သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013