DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်အတုပြုလုပ်၍ အချက်အလက်တောင်းခံမှုများကို ကမ္ဘောဇဘဏ် သတိပေး
DVB
·
May 26, 2018
ဖေ့စ်ဘွတ်ခ်အတုပြုလုပ်၍ အချက်အလက်တောင်းခံမှုများကို ကမ္ဘောဇဘဏ် သတိပေး
Donate to DVB

ကမ္ဘောဇဘဏ်နဲ့ ဆင်တူရိုးမှား ဖေ့စ်ဘွတ်ခ်ပေ့ဂ်ျအတု၊ ဝက်ဘ်ဆိုဒ် အတုတွေပြုလုပ်ပြီး ကမ္ဘောဇဘဏ်ရဲ့ iBanking ဝန်ဆောင်မှု အသုံးပြုသူတွေဆီကနေ အချက်အလက်တွေ တောင်းခံနေတာကို သတိပြုကြဖို့ ကမ္ဘောဇဘဏ်က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီအတုတွေကနေ သုံးစွဲသူတွေကို လုံခြုံရေးစစ်ဆေးဖို့ အကြောင်းပြချက်နဲ့ Username၊ Password  တွေ တောင်းနေတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဇဘဏ်အနေနဲ့ သုံးစွဲသူတွေရဲ့ လုံခြုံမှုအတွက် ဘယ်တုန်းကမှ အဲဒီအချက်အလက်တွေကို  မတောင်းဖူးဘူးလို့ ထုတ်ပြန်ထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ Username/ Password တွေကို ဘယ်သူ့ကိုမှ အသိပပေးတာ၊ မျှဝေတာ မလုပ်ဖို့နဲ့ ကမ္ဘောဇဘဏ်ရဲ့ တရားဝင် Website လိပ်စာဖြစ်တဲ့ www.kbzbank.com နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်မှာ www.facebook.com/kanbawzabank ကလွဲပြီးတော့ တခြား ဆင်တူရိုးမှား Website နဲ့ ဖေ့စ်ဘွတ်ခ်တွေက သတင်းအချက်တွေဟာ မသမာသူတွေက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာတွေ ဖြစ်လို့ အထူးသတိပြုစေလိုတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ အချက်အလက်တွေ တစုံတယောက်ကို အသိပေးမိတာ၊ မျှဝေပေးမိတာတွေ လုပ်မိရင် အကောင့် လုံခြုံရေးအတွက် User Name နဲ့ Password တွေကို အမြန်ဆုံးပြောင်းလဲဖို့၊ ပြောင်းလဲရာမှာ အခက်အခဲရှိရင် [email protected] ကို ဆက်သွယ်ပြီးတော့ အကောင့်ကို ယာယီပိတ်တာတွေ လုပ်ဖို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013