DVB Logo
Home
မြန်မာသတင်း
ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် အိမ်ဖော်အမျိုးသမီး၏ ကလေးများအတွက် အလှူငွေပေးအပ်
DVB
·
May 26, 2018
ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် အိမ်ဖော်အမျိုးသမီး၏ ကလေးများအတွက် အလှူငွေပေးအပ်
Donate to DVB

အင်းတိုင်သံချပ်ကာတပ်ရင်းက တပ်မတော်အရာရှိရဲ့ဇနီး ဥပဒေအရာရှိအိမ်မှာ အိမ်ဖော်လုပ်ရင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနဲ့အဖွဲ့က သွားရောက်တွေ့ဆုံပြီး အလှူငွေ ပေးအပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ၊ တရားစီရင်ရေး ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက တွံ့တေးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ သေဆုံးသွားသူ မကရင်မရဲ့ကျေးရွာ ခတ္ထိယကို မေ ၂၅ ရက်က သွားရောက်ပြီး ကျန်ရစ်သူ သားသမီးလေးယောက်အတွက် ကျန်းမာရေး၊ ပညာရေး၊ နေရေးထိုင်ရေးအတွက် အလှူငွေ ၁၃ သိန်းကို ပေးအပ်ခဲ့တာပါ။

တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာက မကရင်မဟာ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက သားသမီး ၄ ယောက်အတွက် ကျွေးမွေးစောင့်ရှောက်ဖို့ လှည်းကူးမြို့နယ် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာက တပ်မတော်အရာရှိရဲ့ဇနီး ဥပဒေအရာရှိအိမ်မှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က တပ်မတော်အရာရှိရဲ့ဇနီးဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မဟာ ရေဖျင်းစွဲပြီး လိပ်ခေါင်းရောဂါလည်း ရှိနေလို့ သူ့ရွာကို ပြန်လာပို့သွားပြီးအပြန် နာရီဝက်အတွင်းမှာပဲ မကရင်မ သေးဆုံးသွားခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းကပြောပါတယ်။

မကရင်မဟာ မသေဆုံးခင်မှာ အိမ်ရှင်တွေက ဆွဲကြိုးခိုးလို့ဆိုပြီး သူ့ကို ရိုက်နှက်တာလို့ ပြောပြသွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ဦးခေါင်းတခုလုံးမှာ ဒဏ်ရာဒဏ်ချက်တွေက မြင်မကောင်းဘူး၊ အကွဲအပြဲ ဒဏ်ရာတွေကို မြင်ခဲ့ရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖ လူကြီးတွေက ပြောပါတယ်။

ဒါပေမယ့် သေဆုံးသူအလောင်းကို ခွဲစိတ်ကုသတဲ့ ဆရာဝန်ပြောထားတဲ့ စကားအရဆိုရင်တော့ အူပေါက်ပြီး အူက ထွက်လာတဲ့ အရည်တွေကြောင့် ဝမ်းခေါင်းမှေးတွေရောင်ပြီး ဗိုက်ကြီးတွေဖောင်းလာတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရကြောင်း ဆိုပါတယ်။

တရားစီရင်ရေးမှာ တရားဥပဒေစိုးမိုးနိုင်ဖို့ကိုလည်း ရန်ကုန်တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနဲ့ တရားစီရင်ရေး ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီက တွံတေး ရဲတပ်ဖွဲ့က မြို့နယ်မှူး စခန်းမှူးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အင်းတိုင်သံချပ်ကာတပ်ရင်းက တပ်မတော်အရာရှိရဲ့ဇနီးဥပဒေအရာရာရှိ ဒေါ်သိင်္ဂီစုကို တွံတေးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စုက ရာအိမ်မှူး ဦးအေးသောင်းကနေ တရားလိုလုပ်ပြီး တွံတေးရဲစခန်းမှာ လူသတ်မှု ၃၀၂ ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013