DVB Logo
Home
မြန်မာသတင်း
ပညာရေးဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းကို အခြေခံပညာအတွက် သုံးခဲ့ဟု ၀န်ကြီးပြော
DVB
·
May 26, 2018
ပညာရေးဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းကို အခြေခံပညာအတွက် သုံးခဲ့ဟု ၀န်ကြီးပြော
Donate to DVB

ပြီးခဲ့တဲ့ ပညာသင်နှစ်က ပညာရေးဘတ်ဂျက်ရဲ့ ၈၀ ရာခိုင်နှုန်းကို အခြေခံပညာအတွက် သုံးခဲ့တယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

မနေ့က ကယားပြည်နယ်မှာ လုပ်တဲ့ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားမှာ ပြောတာပါ။

ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂ဝ၁၇-၁၈ ပညာသင်နှစ်မှာ တနိုင်ငံလုံးက အခြေခံပညာ အလယ်တန်းကျောင်းနဲ့ မူလတန်း ကျောင်းပေါင်း ၄၆၄၆၈ ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း ၉ ဒသမ ၆ သန်းကျော် ပညာသင်ယူခဲ့ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးအသုံးစရိတ် ၈ဝ ရာခိုင်နှုန်းကို အခြေခံပညာအတွက် သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

ကျောင်းနေအရွယ် ကလေးတိုင်း သင်ယူဖို့ အခွင့်အလမ်းတွေ ပိုရစေဖို့အတွက်လည်း ပညာသင် ထောက်ပံ့ကြေး ချီးမြှင့်တာအပြင် ဝေးလံဒေသ ၁၁၆ မြို့နယ်က ကလေးတွေကိုလည်း တိုးမြှင့် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အခု ပညာသင်နှစ်မှာ အခြေခံပညာအထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းပေါင်း ၆၃၈၆ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

အခုနှစ် မေ ၂၅ ရက်က ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် အခြေခံပညာ ကျောင်းတွေမှာ လက်ခံပေးနေပြီး ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူ ပပျောက်ရေးကိုပါ အထူးအလေးထား ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် Grade-1 ကနေ Grade-5 အထိကို ကျောင်းဝတ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစုံနဲ့ ဗလာစာအုပ် ခြောက်အုပ်စီပေးအပ်သွားမှာ ဖြစ်ပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစုံစီ အခမဲ့ဖြန့်ဝေပေးသွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013