DVB Logo
Home
မြန်မာသတင်း
ဘာသာရေးခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
May 26, 2018
ဘာသာရေးခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ/ပြည်တွင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာနှင့်ပြည်တွင်းမှ Religions for Peace (RfP) နဲ့ အခြား ဘာသာပေါင်းစုံအဖွဲတွေ့က အဖွဲ့ဝင် ၁၈ ဦးပါ ကိုယ်စား လှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဘာသာရေးခေါင်းဆောင်တွေက မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ အပြန်အလှန် အမှီသဟဲပြုနေမှုရဲ့ အရေးပါမှု၊ ငြိမ်းချမ်းရေးအတွက် ပညာရေးကဏ္ဍ တိုးတက်ရေး အရေးပါမှု အစရှိတာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လူတိုင်းသည် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို လို လားကြသကဲ့သို့ မေတ္တာထားခြင်းကိုလည်း ခံယူလိုကြကြောင်း၊ ဘာသာတရားအားလုံးသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် မေတ္တာတရား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြကြောင်း၊ ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာ လုံးနှင့် အနာဂတ် လူ့အဖွဲ့အစည်းအတွက် လူတိုင်းက ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ရဲစွမ်းသတ္တိနှင့် အင်အားများဖြင့် ရှာဖွေဆောင်ရွက်ကြရန် အားပေးလှုံ့ဆော်ပေးရေး မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013