DVB Logo
Home
မြန်မာသတင်း
ကလေးတိုင်းကျောင်းအပ်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြရန် ဦးဖြိုးမင်းသိန်း တိုက်တွန်း
DVB
·
May 26, 2018
ကလေးတိုင်းကျောင်းအပ်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြရန် ဦးဖြိုးမင်းသိန်း တိုက်တွန်း
Donate to DVB

ကလေးငယ်တွေရဲ့ ဘဝအတွက် ခိုင်မာတဲ့ပညာရေးစနစ်တခုဖြစ်လာရေး ကလေးတိုင်းကျောင်းအပ်နှံနိုင်ဖို့အတွက် ၀ိုင်းဝန်းကြိုးပမ်းပေးကြဖို့ ဆရာ/ဆရာမကြီးတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။

အလုံမြို့နယ်၊ အ.ထ.က ၄ ရှိ သီရိရတနာခန်းမမှ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျင်းပတဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး အခမ်းအနားမှာ အခုလို တိုက်တွန်းလိုက်တာပါ။

“မျိုးဆက်သစ်ကလေးတွေကို အကျိုးပြုစိတ်၊ မျှဝေတတ်တဲ့စိတ်၊ ရယူလိုမှုတစ်ခုတည်း မဟုတ်ဘဲနဲ့ ပြန်ပြီးလုပ်ပေးချင်တဲ့ ကူညီချင်တဲ့စိတ်တွေကို မွေးဖွားနိုင်ဖို့အတွက် ကျောင်းတွေမှာ ကြိုးပမ်းစေချင်ပါတယ်။ နောက်တချက်က အားကစားကဏ္ဍကို ကျောင်းတွေမှာ ဖန်တီးပေးစေချင်ပါတယ်။ ကလေးငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စွမ်းအားတွေ တိုးတက်လာနိုင်ဖို့ဆိုရင် ကျန်းမာသန်စွမ်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အားကစား လုပ်ရမယ်။ အကျိုးပြုလုပ်ငန်းလုပ်ရမယ်။ လေ့လာမှုတွေပြုနိုင်ဖို့အတွက် ကျနော်တို့ ပြတိုက်တွေ၊ လေ့လာရေးခရီးတွေကို ကျောင်းတွေမှာ ဒီနှစ်အတွင်း ဖန်တီးပေးနိုင်ဖို့အတွက် ဆရာကြီး၊ ဆရာမကြီးများအား ကျနော်တိုက်တွန်းပါတယ်။ ဒီစနစ်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်နဲ့ ကျနော်တို့ တိုင်းပြည်အတွင်းမှာ ထိရောက်တဲ့ ပညာရေးဟာ ပြည်သူလူထုနဲ့ လက်လှမ်းမီပြီး ပြည်သူလူထုထဲ ကလေးငယ်တွေရဲ့ ဘဝအတွက် ခိုင်မာတဲ့ ပညာရေးစနစ်တခု ဖြစ်လာဖို့၊ ကလေးတိုင်း ကျောင်းအပ်နှံနိုင်ဖို့ဆိုတဲ့ အခြေအနေတွေကို ဝိုင်းဝန်းကြိုးပမ်းဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။"

ဒါ့အပြင် ကျောင်းတွေအားလုံးမှာ ပညာရေးမှူးရုံးက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ကျောင်းသားတွေကို လက်ခံကြဖို့လည်း ၀န်ကြီးချုပ်က တိုက်တွန်းပါတယ်။

“ကျောင်းတွေအားလုံးမှာ ကျောင်းသားတွေကို လက်ခံပြီး ကျောင်းအပ်နှံရေးကိစ္စရပ်တွေကို ဆောင်ရွက်တဲ့နေရာမှာ တိုင်းဒေသကြီးပညာရေးမှူးရုံးကနေ ချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီ ကျောင်းသားတွေကို လက်ခံကြဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောရခြင်း ကိစ္စကတော့ ကျောင်းသားတွေကို လက်ခံမယ့် ဧရိယာသတ်မှတ်ထားမှု၊ ကျောင်းသားကို လက်ခံဆောင်ရွက်တဲ့နေရာမှာ စနစ်တကျ ကျောင်းရဲ့ဂုဏ်သိက္ခာ၊ ဆရာ/ဆရာမတွေရဲ့ ဂုဏ်သိက္ခာနှင့်အညီ ကျောင်းသား၊ ဆရာ၊ မိဘ အားလုံးပူးပေါင်းပြီးတော့ ကျောင်းအပ်နှံရေးကိစ္စတွေကို အောင်အောင်မြင်မြင်နဲ့ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်ပါတယ်။”

အခမ်းအနားကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013