DVB Logo
Home
မြန်မာသတင်း
ချောင်းဆုံ ကဏန်း၊ ပုစွန် မွေးမြူရေးလုပ်ငန်း ဧက ၅၀၀ အထိ တိုးချဲ့လုပ်ကိုင်မည်
DVB
·
May 25, 2018
ချောင်းဆုံ ကဏန်း၊ ပုစွန် မွေးမြူရေးလုပ်ငန်း ဧက ၅၀၀ အထိ တိုးချဲ့လုပ်ကိုင်မည်
Donate to DVB

မလေးရှားနိုင်ငံရဲ့ နည်းပညာနဲ့ မွန်ပြည်နယ်၊ ချောင်းဆုံက ကဏန်း၊ ပုစွန် မွေးမြူရေးလုပ်ငန်းကို ဧက ၅၀၀ အထိ တိုးချဲ့လုပ်ဆောင်ဖို့  ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

ချောင်းဆုံမြို့နယ်၊ ခရိုက်နီတုကျေးရွာရှိ တော်ပကောက်ကွင်းမှာ မလေးရှားကုမ္ပဏီတခုနဲ့ ဘီလူးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့ ပူးပေါင်းပြီး ကဏန်း၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာပါ။

ပြည်သူလူထု ပိုမိုစိတ်ဝင်စားလာပါက အကျိုးအမြတ်အပေါ် မူတည်ပြီး မွေးမြူရေးအတွက် မြေဧက ၅၀၀ အထိ တိုးချဲ့သွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“ဒီကဏန်းမွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလာခဲ့မယ် ဆိုရင်တော့ ချောင်းဆုံဒေသခံ လယ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ပစ်ထားရတဲ့ လယ်မြေတွေကို မွေးမြူရေးလုပ်ငန်းတွေကို တပိုင်တနိုင်ပေါ့။ ကဏန်းတွေပဲ မွေးမလား၊ ပုစွန်တွေပဲ မွေးမလားပေါ့။ ဒါတွေကို ကျနော်တို့ မွန်ပြည်နယ်အစိုးရအနေနဲ့ အကောင်ထည်ဖော် ဆောင်ရွက်ပေးသွားဖို့လည်း ရှိပါတယ်။”

ကဏန်းမွေးမြူရေးလုပ်ငန်ကို ဘီလူးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ရေအရင်းအမြစ် စိုက်ထုတ်ပေးပြီး မလေးရှားကုမ္ပဏီရဲ့ နည်းပညာနဲ့ လုပ်ငန်းလည်ပတ်နေတာပါ။

လတ်တလော မွေးမြူရေးလုပ်ကွက်ဧရိယာတဝိုက်မှာ မြေဈေး အနည်းငယ် လှုပ်ခတ်ခဲ့တယ်လို့ ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောပါတယ်။

“အရင်က အလကားနီးပါး တန်ဖိုးမရှိတဲ့နေရာတွေဆိုရင် ဈေးတွေ နည်းနည်းပါးပါး ရလာတာပေါ့။ လယ် ၁ ဧက ပေါက်ဈေးအနေနဲ့တော့ နည်းနေပါသေးတယ်။ ၁ ဧကကို အရင်တုန်းက ကျပ် ၁ သိန်း၊ ၂သိန်း ပဲရှိတဲ့ မြေတွေက အခုဆိုရင် ၄၊ ၅၊ ၁၀ သိန်းအထိ ဖြစ်လာကြပြီ၊ အရင်တုန်းကဆိုရင် ကျနော်တို့ ပုစွန်၊ ကဏန်း မွေးမြူရေးလုပ်ငန်းတွေက လျှပ်စစ်မီးမရှိတဲ့အတွက် လုပ်လို့မရဘူး။ အခု အဲဒီ တော်ပကောက်နေရာတွေဆိုရင် လမ်းလည်း ကတ္တရာလမ်း ဖြစ်သွားတယ်။ လျှပ်စစ်မီးလိုင်းတွေလည်း ၂၄ နာရီ ရလာတယ်။”

နိုင်ငံခြားကုမ္ပဏီတွေကို လက်ကမ်းကြိုဆိုပြီး နိုင်ငံခြားကို သွားရောက် အလုပ် လုပ်ကိုင်နေသူတဲ့ ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသမှာ ပြန်လာ လုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရလာမယ်လို့လည်း ပြောပါတယ်။

ချောင်းဆုံဒေသက ကဏန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း အောင်မြင်လာပါက သထုံမြို့နယ်မှာလည်း အကောင်အထည်ဖော်ဖို့ ရှိတယ်လို့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013