DVB Logo
Home
မြန်မာသတင်း
ပြင်သစ် Pernod Ricard ကုမ္ပဏီ မြန်မာနိုင်ငံတွင် ဝီစကီအရက် ထုတ်လုပ်ရောင်းချမည်
DVB
·
May 25, 2018
ပြင်သစ် Pernod Ricard ကုမ္ပဏီ မြန်မာနိုင်ငံတွင် ဝီစကီအရက် ထုတ်လုပ်ရောင်းချမည်
Donate to DVB

ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် Pernod Ricard  ကုမ္ပဏီဟာ Yoma Strategic Holdings ကုမ္ပဏီ အပါအဝင် တခြားစီးပွားဘက်တွေနဲ့ ပူးပေါင်းပြီး ဖက်စပ်ကုမ္ပဏီ တည်ထောင်ကာ မြန်မာပြည်မှာ  ဝီစကီအရက်တွေ ထုတ်လုပ်ဖြန့်ဖြူးဖို့ ရည်မှန်းထားတယ်လို့ ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေအပြီးမှာ  Pernod Ricard ကုမ္ပဏီအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ စီမံခန့်ခွဲမှုအဖွဲ့ကို ခေါ်ဆောင်လာပြီး ဖက်စပ်ကုမ္ပဏီသစ်မှာ ရှယ်ယာအများဆုံး ထည့်ဝင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီတွေရဲ့  ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ကျန်တဲ့ အစုရှယ်ယာတွေကိုတော့  Yoma Strategic Holdings ကုမ္ပဏီ၊ Delta Capital မြန်မာကုမ္ပဏီနဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အရက်ချက်ထုတ်လုပ်တဲ့ စက်ရုံ လုပ်ငန်းတွေရှိတဲ့ Win Brothers ကုမ္ပဏီတို့က ခွဲဝေထည့်ဝင်မှာ ဖြစ်ပါတယ်။

Pernod Ricard  ကုမ္ပဏီဟာ ကမ္ဘာမှာ အရက်နဲ့ ဝိုင် ဒုတိယအများဆုံး ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်တဲ့  CHIVAS REGAL၊ ROYAL SALUTE၊ BALLANTINE'S၊ ABSOLUT VODKA၊ RICARD၊ MALIBU၊ MARTELL နဲ့ 100 PIPERS စတဲ့ အရက် အမှတ်တံဆိပ်တွေဟာ လူသိများထင်ရှားပါတယ်။

အဆိုပါ ပြင်သစ်ကုမ္ပဏီဟာ မြန်မာပြည်ဈေကွက်ကို ပထမဆုံးအကြိမ် ဝင်ရောက်လုပ်ကိုင်တာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ  ၈၆ နိုင်ငံမြောက် သူ ဝင်ရောက်လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ပြင်သစ်ကုမ္ပဏီဟာ ၁၉၇၅ ခုနှစ်မှာ Ricard ကုမ္ပဏီနဲ့ Pernod ကုမ္ပဏီတို့ကို ပူးပေါင်း တည်ထောင်ထားတာဖြစ်ပြီး ဝန်ထမ်းအင်အား ၁၈၅၀၀ လောက်ရှိကာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အရက်နဲ့ ဝိုင်တန်ဖိုး ယူရိုငွေ ၉၀၁၀ သန်းကျော် ရောင်းချခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013