DVB Logo
Home
မြန်မာသတင်း
အင်းလေလံပေးမှု မကျေနပ်၍ ရေလုပ်သား ၄၀၀ ခန့် ဆန္ဒပြ
DVB
·
May 25, 2018
အင်းလေလံပေးမှု မကျေနပ်၍ ရေလုပ်သား ၄၀၀ ခန့် ဆန္ဒပြ
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့နယ် ၅ မြို့နယ်က ရေလုပ်သား ၄၀၀ လောက်က ၂၀၁၃ ခုနှစ် ဥပဒေနဲ့ အင်းလေလံချထားပေးတဲ့အပေါ် မကျေနပ်လို့ မေ ၂၅ ရက်နေ့မနက် ၉ နာရီအချိန်က ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။

ဦးဆောင်သူ သာယာဝတီရေလုပ်သားအစုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက "ကျနော်တို့ ရေလုပ်သားအစုအဖွဲ့ကို မနှစ်ကစပြီး ဖွဲ့စည်းခဲ့ပြီး ရေချိုငါးလုပ်ငန်းနဲ့အင်း အိုင်လုပ်ငန်းလုပ်ကိုင်ခွင့်တောင်းဆိုခဲ့တယ်။ ၂၀၁၃ ခုနှစ် ရေချိုငါးလုပ်ငန်းဥပဒေ မပြောင်းလဲသေးလို့ မရခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော်တို့၊ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနအသီးသီးကို သွားရောက်တွေ့ဆုံခဲ့တယ်။ ၂၀၁၈ ခုနှစ် ဥပဒေရေးဆွဲနေတဲ့အတွက် ပြီးရင်ချထားပေးမယ်လို့ပြောပြီး ခုချိန်ထိ ချထားမပေးဘဲ ၂၀၁၃ ခုနှစ် ဥပဒေနဲ့ ချထားပေးတဲ့အတွက် မကျေနပ်လို့ အခုလို ဆန္ဒထုက်ဖော်ရတာပါ" လို့ ပြောပါတယ်။

လက်ပံတန်းရေလုပ်ငန်း အစုအဖွဲ့ပိုင်ဥက္ကဋ္ဌ ဦးထွန်းနိုင်ဝင်းက "ငါးလုပ်ငန်းက လေလံချထားပေးတဲ့သူတွေက ကျနော်တို့ဒေသက သူတွေမဟုတ်ဘဲ တခြားဒေသက လုပ်ငန်းရှင်ခရိုနီတွေကို ချထားပေးခဲ့တာ အနှစ် ၃၀ ရှိပါပြီ။ ကျွဲစာ၊ နွားစာ ရှာတာတို့၊ ငါးရှာ ဖားရှာတာတို့လုပ်ရင် အင်းလုပ်ငန်းရှင်တွေဘက်က  ပြဿနာရှာ ရန်လုပ်တယ်။ လုပ်ကြံဖမ်းဆီးပြီး ထောင်ချတာတွေ လုပ်တယ်။ အစိုးရကောင်းလို့ ကျနော်တို့ပြည်သူတွေ လုပ်ကိုင်ခွင့်ရရင် ကျနော်တို့ဒေသရဲ့ အရှင်သခင်ဖြစ်ရမှာ၊ အခုတော့ ခရိုနီတွေဆီကနေ ငွေကြေး အဆမတန်ပေးပြီး ပြန်ဝယ်လုပ်စားနေရတဲ့ သူရင်းငှားဘဝ ကျွန်ဘဝတွေ ဖြစ်နေပါတယ်" လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းက သာယာဝတီမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တို့မှာ ကြေးတိုင်အင်းနဲ့ လေလံအင်း စုစုပေါင်း၂၀၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်း ဥပဒေကို မတ် ၂၉ ရက်နေ့က အတည်ပြုပြီး ဝန်ကြီးချူပ်ထံ တင်ထားကြောင်း သိရပါတယ်။

သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနကို ဒီဗွီဘီက အင်တာဗျူး သွားရောက် တောင်းဆိုရာ အစည်းအဝေးရှိနေလို့ တွေ့ခွင့်မရခဲ့ပါဘူး။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013