
လောက်ကိုင်မြို့နယ်မှာ စိတ်ဖောက်ပြန်နေသူက ဓားနဲ့ခုတ်မှုကြောင့် ၆ ဦး သေဆုံးပြီး ဇနီးနဲ့သမီး အပါအဝင် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ဖြစ်စဉ်မှာ လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအုပ်စု ဟိုစင်ချုံးကျေးရွာမှ ကျင်လောက်အိုင်ဟာ မေ ၂၂ ရက် ည ၁၁ နာရီခွဲလောက်မှာ နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲပြီး စိတ်ဖောက်ပြန်ကာ ဇနီးဖြစ်သူ ဒေါ်ယောင်ရှောက်စန်းနဲ့ သမီးဖြစ်သူတို့ကို ဓားနဲ့ ခုတ်ခဲ့ပြီးနောက် ရွာထဲက နေအိမ်တွေကို တံခါးလိုက်ခေါက်ကာ တွေ့တဲ့သူတွေကို ဓားမနဲ့ လိုက်ခုတ်လို့ အခုလို သေဆုံးဒဏ်ရာရခဲ့ကြတာပါ။
ကျင်လောက်အိုင် ဓားနဲ့ လိုက်ခုတ်လို့ ဇနီးနဲ့သမီးအပါဝင် ၁၄ ဦး မစိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ဒေါ်ဝမ်ရှောက်စန်း၊ ဦးလီလောက်စစ်၊ ဒေါ်ယောက်ရှောက်တာ၊ မောင်ကျင်းဝေ၊ ဝမ်လောက်ဆေးနဲ့ ဦးယောင်လောက်စန်းတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ရွာသားတွေဖြစ်တဲ့ ဦးဝမ်လောက်ဆေး၊ ဦးလီလောက်စစ်တို့က ခုခံကာကွယ်တာကြောင့် ကျင်လောက်အိုင်လည်း ဒဏ်ရာတွေ ရရှိပြီး သေဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။











