DVB Logo
Home
မြန်မာသတင်း
ကျောင်းဆရာ ၃ ဦးကို ရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်အရေးယူ
DVB
·
May 24, 2018
ကျောင်းဆရာ ၃ ဦးကို ရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်အရေးယူ
Donate to DVB

 

ဂစ်တာတီးတဲ့ ကျောင်းဆရာ ၃ ဦးကို ရိုက်နှက် လက်ထိပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို သပိတ်ကျင်းမြို့မ ရဲစခန်းမှာ  ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ရိုက်နှက်ခြင်း၊ ကြိမ်းမောင်းခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်း၊ ၀ိုင်းဝန်းကျူးလွန်ခြင်းတို့ အတွက်  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃၊ ၂၉၄၊ ၅၀၆၊ ၁၁၄တို့နဲ့ ကျူးလွန်ခံရတဲ့ ကျောင်းဆရာ တွေက အမှုဖွင့်ထားဖြစ်ပါတယ်။

မေလ ၂၀ရက် ည ၉နာရီကျော်လောက်က  ဇရပ်ကွင်းကျေးရွာ အ.ထ.က မှာ Grade-2 သင်တန်းတက်ရောက်နေတဲ့ ဆရာတွေကို ညပိုင်း ဂစ်တာတီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်းအထန်ဒဏ်ရာရတဲ့အထိ ရိုက်နှက်တာ၊ ဆရာတွေရဲ့ ဂုဏ်သိက္ခာကို မထောက်ဘဲ လက်ထိပ်နောက်ပြန်ခတ်ခဲ့တဲ့အပြင် ကူညီဖို့လိုက်လာတဲ့ ဆရာတွေကိုလည်း ခြိမ်းခြောက် ပြောဆိုတဲ့ လုပ်ရပ်တွေကို  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကျူးလွန်ခဲ့တယ်လို့ ကျောင်းဆရာတွေက ဒီကနေ့ သတင်းစာရှင်းလင်းပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောချစ်ညွန့်ကတော့ ဆရာမတွေနေတဲ့ ကျောင်းနား ဂစ်တာတီးတာကြောင့် လုံခြုံရေးကို ဂရုစိုက်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့ဖြစ်တယ်၊ ည၉ နာရီကျော်ရင် ဂစ်တာမတီးဖို့နဲ့ ပြန်ဖို့ပြောရာမှာ ဆရာတယောက်က မချေမငံပြန်လည်ပြောခဲ့လို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမူကွန်ရက်ကနေ ခြိမ်းခြောက်တာတွေရှိနေပြီး ဒီအမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကလည်း   တာဝန်ယူ ကူညီ ဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ကျောင်းဆရာတွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာဒေသမှာ တာဝန်ကျခဲ့တဲ့ ဆရာတွေက ကျောင်းဖွင့်ချိန်မှာ ပြန်သွားဖို့က လုံခြုံမှုမရှိဘူးလို့စိတ်ထဲမှာ ခံစားရတာကြောင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ချင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကတော့ မူလတန်းပြ ဆရာသုံးယောက် ရိုက်နှက် လက်ထိပ်ခတ်ခံခဲ့ရတာဟာ တနိုင်ငံလုံးက ဆရာ၊ ဆရာမတွေကို စော်ကားတာဖြစ်တယ်ဆိုပြီး  မနေ့က ကြေညာချက်ထုတ် ကန့်ကွက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကျောင်းဆရာ ၃ ဦးကို ရိုက်နှက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို အမှုဖွင့်အရေးယူ