DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 24, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၇,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၃၀၀  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၄၅,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံအသစ် တအိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၅,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲကြီး(ရွှေကျွန်း)
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီး(ရွှေကျွန်း)က တတင်းကို ၃၅,၂၅၀ ကျပ်ကနေ ငွေကျပ် ၃၇,၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တတင်းကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ အောင်လံကုန်စည်ဒိုင် တတင်းကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းပြာ(ကျွန်း)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲလွန်းပြာ(ကျွန်း)က ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၄၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာ(ကျွန်း)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စွန်တာ(ကျွန်း) ၅၈.၂၅ ပိဿာဝင် တအိတ်ကို ၆၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၂,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းဖြူ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၂၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၉,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံနီတို့ကတော့ ဒီတပတ်မှာ အတက်အကျ အပြောင်းအလဲ အနည်းငယ်နဲ့ ဈေးကွက်ထဲ ဈေးငြိမ်နေပါတယ်။ အိန္ဒိယနိုင်ငံကို တင်ပို့မှု များရင် ဈေးအနည်းငယ်တက်ပြီး တင်ပို့မှုနည်းရင် ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက မတ်ပဲ တတန်ကို ၄၉၀,၀၀၀ ကျပ်ကျော် ပေါက်ဈေးရှိပြီး ပဲစင်းငုံနီကတော့ တတန်ကို ၄၇၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၉၀,၀၀၀ ကြား ရှိပါတယ်။ မတ်ပဲနဲ့ နှိုင်းယှဉ်ရင် ပဲစင်းငုံနီက တတန်ကို ၁ သိန်းကျော် ဈေးတက်လာခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ နှမ်းဖြူပဲ ဖြစ်ပါတယ်။ လတ်တလောမှာ မိုးစိုက်နှမ်းတွေ စိုက်တော့မှာ ဖြစ်တဲ့အတွက် မျိုးနှမ်းတွေ အရောင်းအဝယ် ဖြစ်နေပြီး နှမ်းဈေးကလည်း အတက်ဈေးမှာ ရှိနေပါတယ်။ နှမ်းဖြူကတော့ ပြည်ပနိုင်ငံကိုလည်း တင်ပို့နေတာ ဖြစ်တဲ့အတွက် အတက်ဈေးနဲ့ပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013