DVB Logo
Home
မြန်မာသတင်း
သာယာဝတီခရိုင်တွင် အင်းလုပ်သားများ ဆန္ဒထုတ်ဖော်မည်
DVB
·
May 24, 2018
သာယာဝတီခရိုင်တွင် အင်းလုပ်သားများ ဆန္ဒထုတ်ဖော်မည်
Donate to DVB

 

ပဲခူးတိုင်းဒေသကြီးမှာ အင်းလေလံတွေကို ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်းဥပဒေနဲ့ စီမံ ဆောင်ရွက်ခြင်းမရှိဘဲ ၂၀၁၃ ခုနှစ်ဥပဒေနဲ့ ဆောင်ရွက်တာကြောင့် အင်းလုပ်သား အစုအဖွဲ့တွေက ဆန္ဒထုတ်ဖော်ဖို့ရှိနေပါတယ်။

သာယာဝတီခရိုင်အတွင်း ၂၀၁၈-၁၉ ခုနှစ်အတွက် ဂရံအင်း လေလံတွေကို ဧပြီ ၂၄ ရက်က ရောင်းချခဲ့တာမှာ အသစ်ပြန်လည် ရေးဆွဲထားပြီးဖြစ်တဲ့ ၂၀၁၈ဥပဒေနဲ့ မဆောင်ရွက်ဘဲ ဥပဒေအဟောင်းနဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

သာယာဝတီမြို့နယ် ရေလုပ်သားများအစုအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်မောင်ဝင်းက “သာယာဝတီမြို့နယ် ရေချိုငါးလုပ်ငန်းနဲ့ ပက်သက်တဲ့ အစုအဖွဲ့တွေကို စိစစ်တင်ပြဖို့ဆိုပြီး ဖိတ်စာနဲ့ ဖိတ်ပါတယ်။ ကျနော်တို့ လာတဲ့အခါကျတော့ စိစစ်တင်ပြတာ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ဥပဒေနဲ့ပဲ အလုပ်လုပ်မယ်။ ၂၀၁၈ ခုနှစ် ဥပဒေနဲ့ အလုပ်မလုပ်ဘူးဆိုတာကို ခေါ်ယူ အသိပေးတာပါ ဆိုပြီးပြောတဲ့အတွက် အစုအဖွဲ့တွေနဲ့ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် တာဝန်ရှိသူတွေနဲ့ အပြောအဆို အဆင်မပြေဖြစ်ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ရ ပါတယ်။ ကျနော်တို့ရေလုပ်သားအစုအဖွဲ့တွေက အစည်းအဝေးမှာ လက်မှတ်ထိုးထားတာ တွေပါ ပြန်တောင်းပြီး ပြန်လာခဲ့ကြတာပါ”လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်ရေချိုငါးလုပ်ငန်းဥပဒေဟာ မတ် ၂၉ ရက်ကတည်းက တိုင်းဒေသကြီး လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းထားပြီးသား ဥပဒေတစ်ခုပါ။ ဒါပေမယ့် ဥပဒေ အသစ်ပြဋ္ဌာန်းပြီးတာနဲ့ ပယ်ဖျက်ပြီးသား ဖြစ်ရမယ့် ဥပဒေအဟောင်းကို ပြန်လည်ကျင့်သုံးတာကြောင့် ရေလုပ်သားတွေ နစ်နာရတယ်လို့ မိုးညိုမြို့နယ် မြစ်သာကျေးရွာအုပ်စု ရေလုပ်သားအစုအဖွဲ့က ဦးတင်ကြိုင်ကပြောပါတယ်။

"၂၀၁၃ ဥပဒေအရဆိုရင် အင်းသားကြီးတွေကို ကြေးတိုင်ပေးစနစ်နဲ့ ပြန်လည်ချထား ပေးတဲ့အတွက် ရေလုပ်သားတွေကို ကာကွယ်ပေးခြင်း စောင့်ရှောက်ပေးခြင်းမရှိတဲ့အပေါ် ကျနော်တို့ အင်းလုပ်သားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးရပါတယ်။"

လက်ပံတန်းမြို့နယ် ကျောက်အိုင်ကျေးရွာက ရေလုပ်သား အစုအဖွဲ့ခေါင်းဆောင် ကိုထွန်းနိုင်ဝင်းက " အခုတော့ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်တဲ့အတွက် မကျေနပ်နိုင်ပါဘူး။ ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်း ဥပဒေအသစ်နဲ့ အင်းလေလံတွေ မရောင်းချတဲ့အပေါ် ကျနော်တို့ သာယာဝတီခရိုင်ထဲက ရေချိုငါးလုပ်ငန်းအစု အဖွဲ့တွေကတော့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖော်ထုတ်ဆန္ဒပြသွားမယ်" လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ရေချိုငါးလုပ်ငန်းဥပဒေကို တိုင်းဒေသကြီးလွှတ်တော်က မတ်လ ၂၉ ရက်မှာ အတည်ပြုကာ ဝန်ကြီးချုပ်ထံသို့ ပို့ဆောင်ထားပါတယ်။

သာယာဝတီ၊ လက်ပံတန်း၊ မိုးညှိ၊ အုတ်ဖို၊ ကြို့ပင်ကောက်က ရေလုပ်သားများ အစုအဖွဲ့တွေ အနေနဲ့ မေ ၂၅ ရက်မှာ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနကို ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013