DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်၍ အေအိုင်အဖွဲ့၏ ထုတ်ဖော်ချက် တပ်မတော်ကြိုဆို
DVB
·
May 24, 2018
ARSA အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်၍ အေအိုင်အဖွဲ့၏ ထုတ်ဖော်ချက် တပ်မတော်ကြိုဆို
Donate to DVB

 

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း နိုင်ငံကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်)ရဲ့ ဖော်ထုတ်ချက်ကို ကြိုဆိုတယ်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအတွင်း    ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က အရပ်သားဟိန္ဒူ ၁၀၀ နီးပါးလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အေအိုင်အဖွဲ့က မေလ ၂၃ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ရခိုင်ပြည်နယ်အတွင်း  ARSAအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ဆောင်ချက်တွေကို အထောက်အထားခိုင်လုံစွာရယူပြီး သတင်းအမှန်အတိုင်း ဖော်ပြခဲ့တဲ့အပေါ် Amnesty International အဖွဲ့ရဲ့ သမာသမတ် ဖြစ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ကြိုဆိုတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းတာနဲ့  ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ သတင်းမှန်တွေ အချိန်နဲ့ တပြေးညီ အကြိမ်ကြိမ်ထုတ်ပြန်ပေးခဲ့ပေမယ့်  အနောက်အုပ်စု နိုင်ငံတကာ သတင်းဌာနကြီးတွေနဲ့ အစိုးရအဖွဲ့တွေက လက်ခံအသိ အမှတ်မပြုဘဲ တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့သာ မြန်မာအစိုးရနဲ့ တပ်မတော်အပေါ် ဖိအားပေးပြောဆို ဆက်ဆံခဲ့တယ်လို့ဆိုပါတယ်။

ဖြစ်စဉ်မှန်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေက အမှန်တရားအတိုင်း ဆက်လက်ပြီး အေအိုင်အဖွဲ့လို ရဲရဲဝံ့ဝံ့ဖော်ထုတ်ပေးဖို့လည်း တပ်မတော်က တိုက်တွန်းထားပါတယ်။

အေအိုင်အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ခမောင်းဆိပ်ကျေးရွာက ဟိန္ဒူအမျိုးသား၊ အမျိုးသမီး၊ ကလေး ၆၉ ဦးကို ARSA အဖွဲ့က ၂၀၁၇ သြဂုတ် ၂၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ ရဲဘောက်ကျကျေးရွာအနီးရှိ ဟိန္ဒူရွာမှာ လည်း အမျိုးသား၊ အမျိုးသမီး၊ ကလေး ၄၆ ဦးကိုလည်း ARSAအကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ သတင်းမရဘဲ ပျောက်ဆုံးနေတယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ၂၀၁၇ သြဂုတ် ၂၆ ရက်ကလည်း ARSA အဖွဲ့က မောင်တော မြို့အနီး မြို့သူကြီးကျေးရွာမှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၃ ဦးတို့ကို ဥပဒေမဲ့ ရက်စက် စွာသတ်ဖြတ်ခဲ့တယ်လို့ လည်း အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013