DVB Logo
Home
မြန်မာသတင်း
ကရင်နီ အမျိုးသမီးများဖိုရမ် လွိုင်ကော်တွင် ကျင်းပ
DVB
·
May 24, 2018
ကရင်နီ အမျိုးသမီးများဖိုရမ် လွိုင်ကော်တွင် ကျင်းပ
Donate to DVB

 

ကရင်​နီတိုင်းရင်းသား အမျိုးသမီး​တွေအ​နေနဲ့ ငြိမ်းချမ်း​ရေးနဲ့ နိုင်​ငံ​ရေးကဏ္ဍ​တွေမှာ ပိုမိုပါဝင်​လာဖို့အတွက်​ ကရင်​နီပြည်​အမျိုးသမီးများဖိုရမ်​ကို ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့ရှိ Famous ဟိုတယ်​မှာ မတ်​လ ၂၃ ရက်က စတင်ကျင်းပနေပါတယ်​။

၂ရက်ကြာကျင်းပမယ့် ဒီဖိုရမ်​မှာ နိုင်​ငံ​ရေး၊ လူမှု​ရေး၊ ​မြေယာနှင့် သဘာဝသယံဇာတ၊ စီးပွား​ရေးနဲ့ လုံခြုံ​ရေး ကဏ္ဍ​​တွေကို ​ဆွေး​နွေး​ကြတယ်လို့ ဒီပွဲကို စီစဉ်​ပြုလုပ်​တဲ့ ကယန်းအမျိုးသမီးအစည်းအရုံးအဖွဲ့ တွဲဖက်​အတွင်း​ရေးမှူး (၂) မူအန်း​ဂျေလာကပြောပါတယ်။

"ပြည်​နယ်​ရဲ့ ငြိမ်းချမ်း​ရေးဖြစ်​စဉ်​နဲ့ နိုင်​ငံ​ရေးဖြစ်​စဉ်​​တွေမှာ အမျိုးသမီး​တွေ အား​ကောင်းတဲ့ ပါဝင်​မှုရှိ​စေဖို့အတွက်​ ကျမတို့အစုအဖွဲ့တခုထဲ ကြိုးစားမှုမျိုးမဟုတ်​ဘဲနဲ့ ကျမတို့ အမျိုးသမီးအဖွဲ့နဲ့ ​ဒေသခံအမျိုးသမီးထု​တွေအကြားမှာ ချိတ်​ဆက်​မှု အား​ကောင်း​ကောင်းနဲ့ ဆက်​လက်​ပြီး​ ပူး​ပေါင်း​ဆောင်​ရွက်​တာဟာ ပိုပြီးထိ​ရောက်​လိမ့်​မယ်​​ပေါ့​နော်​"

ဖိုရမ်​က ရရှိလာမယ့်​​ဆွေး​နွေးချက်​​တွေကို ကရင်​နီပြည်​နယ်​ရဲ့ ငြိမ်းချမ်း​ရေး​ ဆွေး​နွေးပွဲ​တွေနဲ့ ညီလာခံ​မှာ မူဝါဒတစ်​ရပ်​အ​နေနဲ့ ထည့်​သွင်း​ရေးဆွဲနိုင်​ဖို့အတွက်​ လွှတ်​​တော်​၊ အစိုးရအဖွဲ့၊ နိုင်​ငံ​ရေးပါတီ​တွေနဲ့ တိုင်းရင်းသား လက်​နက်​ကိုင်​အဖွဲ့​တွေကို တိုက်​တွန်းသွား မယ်​လို့ ဆိုပါတယ်​။

ကရင်​နီအမျိုးသမီးများဖိုရမ်ကို ကယန်းအမျိုးသမီးအစည်းအရုံး (​ကေဝိုင်​ဒဗလျူအို)အဖွဲ့က ဦးစီးလုပ်​​ဆောင်​တာဖြစ်​ပြီး ကရင်​နီအမျိုးသမီး ၂၀၀ ​ကျော်​ ပါဝင်​တက်​​ရောက်​​ ဆွေး​နွေးခဲ့ကြ ပါတယ်​။

ကရင်​နီပြည်ဆိုင်ရာ​မူဝါဒတစ်​ရပ်​​ပေါ်ထွက်​လာဖို့အတွက်​ ကရင်​နီလက်​နက်​ကိုင်​အဖွဲ့​တွေ၊ ပါတီ​တွေ၊ အရပ်​ဘက်​အဖွဲ့အစည်း​တွေက ပြင်​ဆင်​လုပ်​​ဆောင်​​နေကြတာလည်းဖြစ်ပါတယ်​။

 

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013