DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်တွင် လက်ဖက်ရည်ဆိုင်အလုပ်သမား ၂ ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယူသွား
DVB
·
May 24, 2018
ချမ်းမြသာစည်တွင် လက်ဖက်ရည်ဆိုင်အလုပ်သမား ၂ ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယူသွား
Donate to DVB

 

မန္တလေးမြို့၊ ချမ်းမြသာစည်​မြို့နယ်၊ ​၅၆-လမ်း၊ ​အောင်​ဆန်းလမ်း​ထောင့် သန်းတရာ ​လက်ဖက်​ရည်​ဆိုင်မှာ မေ ၂၁ ညက  လူ ၆ ယောက်ဝင်လာပြီး ​စားပွဲထိုး အလုပ်​သမား ၂ ဦးကို​ ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။

မေလ ၂၁ ရက်​​ ည ၁၁ နာ​ရီကျော်က ​သန်းတရာ လက်ဖက်​ရည်​ဆိုင်​ပိတ်​အပြီး အိပ်​ရာခင်း​နေချိန်မှာ ဆိုင်​ကယ်​ ၂ ​စီး၊ လူ ၆ ယောက်ဝင်​လာပြီး ဘာမှ​ ပြောဆိုခြင်းမရှိဘဲ စားပွဲထိုး ၂ ဦးဖြစ်​တဲ့ ​မောင်​​ကျော်​မင်းနိုင်​နဲ့ ​မောင်​လင်း​နောင်​တို့ကို ဓားနဲ့ဝင်​ခုတ်​ပြီး ဖုန်းနဲ့အတူ​ ငွေ ၁ သောင်း​ကျော်​ကို လုယူထွက်​​ပြေးသွားခဲ့တယ်​လို့ ဓားခုတ်​ခံခဲ့ရတဲ့​ မောင်​မင်း​နောင်​က ​ပြောပါတယ်​။

ကံသာယာမှုခင်းကြိုတင်​ကာကွယ်​​ရေးအင်​အားစု​ ခေါင်း​ဆောင်​ ကိုသန်းထွန်း​လေးက ​“ကျ​နော်​တို့ မှုခင်းကြိုတင်​ကာကွယ်​​ရေးအဖွဲ့ကို ည ၁၂ နာရီ​လောက်​မှာ လှမ်းအ​ကြောင်းကြားခဲ့ တာမို့ ကျ​နော်​တို့အဖွဲ့က သွား​ရောက်​ကူညီစစ်​​ဆေး​ပေးခဲ့ပြီး ၂၂ ရက်​နေ့ ညမှာ ၅၃၊ ရွာလယ်​လမ်းမှာ ​ကောင်​​လေး ၆​ ယောက် ​အရက်​​သောက်​​နေတာကို​ တွေ့လို့​ ခေါ်ယူ စစ်​​ဆေးပြီး ဓားခုတ်​ခံရသူ​တွေကို ဒီ ၆ ယောက်ထဲမှာ ဓားနဲ့ ဝင်​ခုတ်​တဲ့သူ​တွေ ပါလားလို့ မေးမြန်းတော့ ပါတယ်​လို့​ ပြောတဲ့အတွက်​ ရဲစခန်းကို အပ်​ခဲ့​တယ်”လို့ပြောပါတယ်။

ဒါပေမယ့် အောင်​ပင်​လယ်​ရဲစခန်းက အဆိုပါ ၆ယောက်ကို နောက်ပိုင်းမှာ  ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ကိုသန်းထွန်းလေးကပြောပါတယ်။

“တရားခံပါဆိုပြီး ဖမ်းပို့တဲ့လူ​တွေကို​ အောင်​ပင်​လယ်​ရဲစခန်းအ​နေနဲ့ ပြန်​လွှတ်​​ပေးလိုက်​တာဟာ ပြန်​မလွှတ်​သင့်ပါဘူး။ တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ ဒီလူ​တွေကို မဖြစ်မ​နေ ဖမ်းဆီးအ​ရေးယူသင့်ပါလျှက်နဲ့ ပြန်​လွှတ်​လိုက်​တာဟာ တရားဥပ​ဒေစိုးမိုး​ရေးကို စိန်​​ခေါ်ရာလည်း ​ရောက်​ပါတယ်​။ ရပ်​ကွက်​ပြည်​သူ​တွေရဲ့ ပူး​ပေါင်း​ဆောင်​ရွက်​မှုကို မ​ထီမဲ့မြင် လုပ်​ရာလည်း ​ရောက်​ပါတယ်​”

ချမ်းမြသာစည်​မြို့နယ်​ ​အောင်​ပင်​လယ်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​ခင်​​ဇော်​​ကတော့ သန်းတရာလက်ဖက်​ရည်​ဆိုင်​မှာ ဖြစ်​ခဲ့တဲ့ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး သံသယရှိတဲ့သူ ၆ ဦးကို​ ခေါ်ယူ​မေးမြန်းစစ်​​ဆေး​နေတယ်လို့ ပြောပါတယ်။

“တရားခံမဟုတ်​တဲ့သူကို တရားခံလို့ စွပ်​စွဲမိခဲ့ရင်​ သူ့ဘက်က အရမ်းကို နစ်​နာမယ်​။ ဒါ​ကြောင့် လုပ်​ထုံးလုပ်​နည်းနဲ့အညီ မျက်​မြင်​သက်​​သေ​တွေကို​ မေးမြန်း​နေသလို ဓားခုတ်​ခံရတဲ့ သူ​တွေကိုလည်း ​မေးမြန်းပြီး အမှုမှန်​ကို အမြန်​ဆုံး​ ပေါ်​ပေါက်​​အောင်​ ​ဆောင်​ရွက်​​နေပါတယ်​။”

အဆိုပါ သံသယရှိတဲ့ ၆ ဦးကိုတော့ အပြင်းအထန်နာကျင်စေမှု ဥပဒေ ပုဒ်​မ ၃၂၆၊ အားပေးကူညီထောက်ပံ့မှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့် ရမန်​ယူထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013