DVB Logo
Home
မြန်မာသတင်း
မြစ်ထဲသေကြောင်းကြံ ရှမ်းအမျိုးသမီးကိုကယ်ရာမှ ၂ ဦးလုံးသေ၊ ဖက်လျက် အလောင်းပြန်တွေ့ (ရုပ်သံ)
DVB
·
May 24, 2018
မြစ်ထဲသေကြောင်းကြံ ရှမ်းအမျိုးသမီးကိုကယ်ရာမှ ၂ ဦးလုံးသေ၊ ဖက်လျက် အလောင်းပြန်တွေ့ (ရုပ်သံ)
Donate to DVB



ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချန်ဟိတံတားအနီးမှာ မနေ့က ရှမ်းအမျိုးသမီးတဦး ရည်းစားဖြစ်သူကို စိတ်ဆိုးပြီး မဲနန်ချောင်ဖရာမြစ်ထဲ ခုန်ချသေကြောင်းကြံခဲ့ရာမှာ သူမကို ဆင်းပြီး ကယ်ဆယ်သူပါ ရေနစ်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မေ ၂၃ ရက် မနက် ၁၀ နာရီ ၄၇ မိနစ်က မဲနန်ချောင်ဖရာမြစ်ထဲမှာ ရေနစ်သူရှိကြောင်း သတင်းပေးပို့ချက်ရတဲ့အတွက် ရေငုပ်ကျွမ်းကျင် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ရေနစ်သူတွေကို အချိန် ၂ နာရီကြာ ဆင်းရှာခဲ့ရာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးရဲ့ အလောင်းကို တွဲလျှက်တွေ့ရှိခဲ့ပါတယ်။

သူတို့အလောင်းကို တွေ့တဲ့အချိန် အမျိုးသားက အမျိုးသမီးခါးကို ဖက်လျက် အနေအထား တွေ့ရတာကြောင့် အမျိုးသားက အမျိုးသမီးကို ဆွဲတင်ကယ်ဆယ်ဖို့ ကြိုးစားဟန်ရှိတယ်လို့ ကယ်ဆယ်ရေးသမားတွေက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွားရာ နေရာရှိ စိုင်းပန်းဆိုသူ ရှမ်းအလုပ်သမားတဦး ပြောပြချက်အရ ရေနစ်သေဆုံးသူတွေမှာ သူ့ရည်းစား နန်းခင် (အသက် ၂၂ နှစ်) နဲ့ သူ့သူငယ်ချင်း စိုင်းဆိုင် (အသက် ၂၀) တို့ဖြစ်ကြောင်း၊ ဒီမတိုင်ခင် သူတို့ဟာ တံတားအနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ ဆေးသုတ်နေကြကြောင်း၊ သူ့ရည်းစား နန်းခင်က သူနဲ့စိတ်ကောက်ပြီး တံတားပေါ်ကနေ ခုန်ချလိုက်ရာမှာ သူက ရေမကူးတတ်တဲ့အတွက် အနီးနားက လုပ်ဖော်ကိုင်ဘက်တွေကို အကူအညီတောင်းစဉ် စိုင်းဆိုင်က ဆင်းပြီးကယ်ခဲ့ကြောင်း၊ ဒါပေမယ့် မြစ်ရေစီးကြောင်း အရမ်းသန်တဲ့အတွက် နှစ်ယောက်လုံး နစ်မြုပ်သွားခဲ့ရတာလို့ ဆိုပါတယ်။

ရေနစ်သူကို သွားကူတဲ့ စိုင်းဆိုင်ဟာ အသက်ကယ်အင်္ကျီ ဝတ်ဆင်ခြင်း မရှိတဲ့အတွက် အခုလို အသက်ဆုံးရှုံးရတာဖြစ်ပြီး သေဆုံးသူတွေရဲ့ အလောင်းကို ဆီရီရတ်ဆေးရုံ ပို့ဆောင်ထားကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013