DVB Logo
Home
မြန်မာသတင်း
မြန်မာ့ မြွေဆိပ်ဖြေဆေး အလုံး ၅၀၀ လာအိုနှင့်ကမ္ဘောဒီးယားကို တင်ပို့ရောင်းချ
DVB
·
May 24, 2018
မြန်မာ့ မြွေဆိပ်ဖြေဆေး အလုံး ၅၀၀ လာအိုနှင့်ကမ္ဘောဒီးယားကို တင်ပို့ရောင်းချ
Donate to DVB

 

မြန်မာထုတ် မြွေဆိပ်ဖြေဆေး လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ဆေးလုံးရေ ၅၀၀  တင်ပို့ ရောင်းချခဲ့ပြီးဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

မေ ၂၃ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ စက်မှုဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဆေးတလုံးကို အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာနဲ့ ရောင်းခဲ့တာလို့လည်း ပြောပါတယ်။

“မြွေဆိပ်ဖြေဆေးကို ဒေသတွင်းနိုင်ငံများဖြစ်တဲ့ လာအိုနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေး အဆိပ်ဖြေဆေး အအေးခဲခြောက် (Freeze–dried) အလုံး ၃၀၀၊ လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေး အလုံး ၂၀၀၊ တစ်လုံးကို US$ 22 တန်ဖိုးနဲ့ တင်ပို့ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။”

စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံတွေကနေ ဆေးဝါးအမျိုးစားပေါင်း ၂၀၀ ကျော်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ GMP Guide Line နဲ့အညီ ထုတ်လုပ်ပေးနေပါတယ်။

ထုတ်လုပ်ပြီး ဆေးဝါးတွေကို သိုလှောင်ရာမှာ အရည်အသွေး ထိခိုက်မှု မရှိစေဖို့အတွက် ခေတ်မီဆေးဝါး သိုလှောင်ရုံကို တည်ဆောက်ခဲ့ပြီး ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးပေးနေ တယ်လို့လည်း အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

မြွေဆိပ်ဖြေဆေးကို ယခင်က သာမန်အပူချိန်မှာ ထားရှိနိုင်မှုမရှိဘဲ အအေးခန်းမှာ ထားသိုနိုင်တဲ့ အခြေနေကနေ အခုအခါ အေးခဲခြောက်စနစ်နဲ့ ထားသိုနိုင်အောင် ထုတ်လုပ် နိုင်ပြီဖြစ်လို့ သာမန်အခန်း အပူချိန်မှာ ထားရှိနိုင်ပြီး ကျေးလက်ဒေသတွေကို ပို့ဆောင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာနအနေဲ့ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ မြွေဟောက် အဆိပ်ဖြေဆေး ၂ သောင်း၊ မွေပွေးအဆိပ် ဖြေဆေး ၁ သိန်း စုစုပေါင်း ၁၂၀၀၀၀ ထုတ်လုပ်ဖို့ လျာထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013