DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်၊ မောင်တောဒေသက တိုင်းရင်းသားများ ပြောင်းရွှေ့ထွက်ခွာမှုများလာ
DVB
·
May 24, 2018
ဘူးသီးတောင်၊ မောင်တောဒေသက တိုင်းရင်းသားများ ပြောင်းရွှေ့ထွက်ခွာမှုများလာ
Donate to DVB

 

ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲက တိုင်းရင်းသားကျေးရွာတွေ မှာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြောင်းရွှေ့ထွက်ခွာသူ များလာနေပါတယ်။

ခုလိုရွှေ့ပြောင်းသွားသူတွေများလာတာကို ရပ်တန့်ဖို့နဲ့ မောင်တောခရိုင်ထဲက တိုင်းရင်း သားကျေးရွာတွေ ဆက်လက်တည်တံ့နိုင်ဖို့ရည်ရွယ်ပြီး ကော်မတီတခုဖွဲ့စည်းကာ ကူညီနိုင်ရေးအတွက် လူမှုအဖွဲ့အစည်းတွေစုပေါင်း ကြိုးစားနေကြပါတယ်။

မောင်တောမြို့နယ်နေ ဦးမောင်ခင်ဝင်းက “အခုက ရွှေ့ပြောင်းသွားတဲ့ တိုင်းရင်းသားတွေရှိနေတဲ့အတွက် ရေရှည်တည်တံ့မယ့်အရေးကို ကျနော်တို့က ရှေ့ကို ဆက်လက်ပြီးတော့ အထောက်အကူပြုနိုင်ဖို့ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အထောက်အကူပြု လုပ်ငန်းတွေမှာ ကျနော်တို့ ပူးပေါင်းပါဝင်ပြီးတော့ သူတို့ ရေရှည်နေနိုင်မယ့်ဟာကို ထောက်ကူပေးဖို့ ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာပါ” လို့ ပြောပါတယ်။

လတ်တလော ယာယီကော်မတီတခုအနေနဲ့ ဆောင်ရွက်နေပေမယ့် တရားဝင် အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ပြီး ရေရှည်ကူညီနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကော်မတီဝင်တွေ က ပြောပါတယ်။

ဒါ့အပြင် တခြားဒေသတွေက မောင်တောဒေသကို ပြောင်းရွှေ့လာတဲ့ တိုင်းရင်းသားတွေ အမြဲတမ်း နေထိုင်ခွင့်ရဖို့အတွက်လည်း ဦးစားပေး ဆောင်ရွက်နေတယ်လို့ ဘူးသီးတောင်ဒေသခံ တဦးကပြောပါတယ်။

“ဒီဘက်ကို အခြေချဖို့ ရောက်လာတဲ့ အချိန်မှာ သူတို့ နေဖို့ ထိုင်ဖို့ လောလောဆယ် စားဖို့ သောက်ဖို့ အခက်အခဲဖြစ်ပါတယ်။ သူတို့ နေထိုင် စားသောက်ရေးကအစ နောက်ပိုင်း အဖွဲ့တိုးတက်မှုအပေါ် မူတည်ပြီး အိမ်ကအစပေါ့ နိုင်ငံတော်နဲ့ ပေါင်းပြီးတော့ လုပ်သွားမှာပေါ့။ ကျနော်တို့ တခြား CSO အဖွဲ့တွေနဲ့လည်း ပေါင်းပြီးတော့ လုပ်မယ်။ အဲဒီလို အစီအစဉ်ချမှတ်တာ ဖြစ်ပါတယ်”

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားတချို့ နေရပ်စွန့်ခွာသွားတာတွေရှိခဲ့သလို တခြားဒေသတွေက မောင်တောဒေသ ကို လာရောက်အခြေချနေထိုင်တဲ့ တိုင်းရင်းသားတွေလည်း ရှိနေပါတယ်။

မောင်တောမြောက်ပိုင်း အောင်သပြေ၊ သုပဏ္ဏက၊ သစ်တုံးနား ခွဆုံကျေးရွာတွေမှာ လာရောက်အခြေချသူ မိသားစု ၇၀ ကျော် လူဦးရေ ၄၀၀ ခန့်ရှိပြီး လောလောဆယ် စာသင်ကျောင်းနေမှာ ယာယီနေထိုင်ကြတဲ့အတွက် ကျောင်းဖွင့်ချိန်အမီ နေထိုင်စရာ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013