DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဇွန်လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းမည်
DVB
·
May 24, 2018
၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဇွန်လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းမည်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို  လာမယ့်ဇွန်လထဲမှာ ကျင်းပနိုင်အောင် ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မေလ ၂၃ ရက် အစိုးရရဲ့ ဒုတိယ တနှစ်တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေရာမှာ ထည့်သွင်း ပြောသွားတာပါ။

အခု မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ EAO နဲ့ နိုင်ငံရေး၊ လုံခြုံရေး အလွတ်သဘောဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်သွားမှာဖြစ်ပြီး ဒီတွေ့ဆုံမှုအပေါ် မူတည်ပြီး ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ပြုလုပ်ဖို့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ အလွတ်သဘောတွေ့ဆုံပွဲမှာ မေလကုန်ဆိုပြီး ထပ်လုပ်တယ်။ ထပ်လုပ်ပေမယ့်လည်း အဲ့ဒါ အဆင်မပြေဘူး။ အဆင်မပြေတော့ ဒီလ ၂၈၊ ၂၉၊ ၃၀ မှာ EAO နဲ့ နိုင်ငံရေး၊ လုံခြုံရေး အလွတ်သဘော နှစ်ပွဲတွေ့မယ်။ တွေ့တဲ့ပေါ်မှာ မူတည်ပြီးတော့ ညီလာခံ ကျင်းပရက်ကို ကျနော်တို့ဘက်ကတော့ ဇွန်လထဲမှာ လုပ်စေချင်တယ်။ ဒါပေမယ့် ရက်တော့ မသတ်မှတ်နိုင်သေးဘူး။ ဇွန်လထဲကတော့ ဖြစ်အောင် ကျနော်တို့ ကြိုးစားမယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို မူလက ဇန်နဝါရီလမှာ ပြုလုပ်ဖို့ JICM အစည်းအဝေးမှာ သဘောတူထားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကိုတော့ ၂၀၁၇ ခုနှစ် မေ ၂၄ ရက်ကနေ ၂၉ ရက်ထိ နေပြည်တော်မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013