DVB Logo
Home
မြန်မာသတင်း
နမ့်စန်တွင် မိုးကြိုးပစ်ခံရ၍ လူငယ် ၂ ဦးသေဆုံး
DVB
·
May 23, 2018
နမ့်စန်တွင် မိုးကြိုးပစ်ခံရ၍ လူငယ် ၂ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ထဲမှာ ဒီကနေ့ မွန်းလွဲပိုင်းက လူငယ် ၂ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပါတယ်။

အသက် ၂၅ နှစ်ရှိ အိုက်ကမ်ဆိုသူဟာ နမ့်စန်မြို့ ရပ်ကွက် ၉ ရှိ ပြောင်းဖူးခင်းထဲမှာ မိုးကြိုးပစ်ခံရတာဖြစ်ပြီး အဆိုပါနေရာနဲ့ ၂ မိုင်လောက်ဝေးတဲ့ လွိုင်ဆိုင်းရွာမှာ ရွာသား အိုက်ကျိန် (အသက် ၂၂ နှစ်)ဟာ လယ်ထွန်နေစဉ် မိုးကြိုးပစ်ခံရတာလို့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောပါတယ်။

“အိုက်ကမ်ဆိုတဲ့ လူရွယ်က ပြောင်းခင်းထဲမှာ အလုပ်လုပ်ပြီး လက်ပံပင်ကြီးအောက်မှာ အနားယူနေတုန်း သူ့တယ်လီဖုန်းကို မိုးကြိုးပစ်ပြီး သူလည်းအပစ်ခံရပြီး ဆုံးသွားတယ်။ ရွာသား တွေအကြောင်းကြားတော့ ကျနော်တို့ မေတ္တာရှင်နာရေးကူညီရေးအသင်းနဲ့အတူ အဲဒီကိုရောက် သွားတော့ သူ့ဖုန်းလည်း စုတ်ပြတ်နေပြီ။ သူ့အင်္ကျီဘောင်းဘီတွေလည်း စုတ်ပြတ်ပြီး ဦးထု တ်က သစ်ကိုင်းပေါ် သွားငြိနေတယ်။   ကျနော်တို့ သူ့အလောင်းကို နမ့်စန်ဆေးရုံပို့ပေးပြီး ခဏ အကြာ နောက်ထပ် လွိုင်ဆိုင်းဘက်မှာလည်း လူတယောက်မိုးကြိုးပစ်ခံရတယ်ဆိုလို့ နောက် တလောင်း ပြန်သွားသယ်ရတယ်ခင်ဗျ။ အဲဒီတယောက်ကတော့ ထော်လဂျီနဲ့ လယ်ထွန်နေ တုန်း မိုးကြိုးပစ်ခံရတာ၊ မိုးကြိုးလဲပစ်ရော သူလည်း လဲကျသွားတယ်လို့ ရွာသားတွေက ပြောတယ်။ ထော်လဂျီကားမှာ သံတွေပါတော့ အဲဒီကိုမိုးကြိုးပစ်ရင်း သူ့ကိုပါထိသွားတာနေမှာ၊ မိုးကြိုးပစ်ခံရတဲ့ ၂ ယောက်စလုံး ဆံပင်တွေတွန့်လိန်ပြီး နားထဲကလည်း သွေးတွေထွက်လာ တယ်။ သူ့တို့ကို ဆေးရုံက စစ်ဆေးပြီးရင် ကျနော်တို့ နာရေးကူညီမှုအသင်းက တာဝန်ယူ သဂြုင်္ိဟ်ပေးသွားမှာပါ။”

ပထမလူရွယ် မိုးကြိုးပစ်ခံရချိန်က မွန်းလွဲ ၁၂ နာရီခွဲလောက်ဖြစ်ပြီး ဒုတိယလူရွယ်သေ ဆုံးကြောင်း ရွာသားတွေက အကြောင်းကြားလာတဲ့အချိန်ဟာ တစ်နာရီလောက်ရှိပြီဆိုတော့ မိုးကြိုးပစ်တာ တချိန်တည်းဖြစ်နိုင်ကြောင်း၊ အဲဒီအချိန်မှာ မိုးလည်းရွာနေတယ်လို့ သူက ဆက်ပြေ ပါတယ်။

ဒါ့အပြင် လွိုင်ဆိုင်းရွာက အိုင်ကျိန် မိုးကြိုးပစ်ခံရစဉ်က သူနဲ့ မလှမ်းမကမ်းမှာရှိနေသူ   အိုက်ကျင်းဆိုတဲ့ လူရွယ်တယောက်လည်း ခြေထောက်ကျင်သွားကြောင်း၊ သူကတော့ ကံကောင်းလို့ ဒဏ်ရာကြီးကြီးမားမားမရခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို မိုးဦးကျရာသီမှာ မိုးခြိမ်းသံကြားရင် မည်သူမဆို ကွင်းပြင်ကျယ်ထဲ ထီးတည်းနေတာ၊ ဒါမှမဟုတ် သစ်ပင်မြင့်နီးနားနေတာ၊ တယ်လီဖုန်းအသုံးပြုတာတွေ မလုပ်သင့်ကြောင်း၊ မိုးကြိုးရဲ့ လျှပ်စီးဟာ ကွင်းပြင်ထဲက အမြင့်ဆုံးနေရာ ဒါမှမဟုတ် တယ်လီဖုန်းထဲကို တိုက်ရိုက်ဝင်လာတတ်တဲ့အတွက် အန္တရာယ်သတိပြုဖို့ ဦးနေဇော်နိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013