DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲဆေးရုံများအား စစ်ဆေးရန် ညွှန်ကြားထား
DVB
·
May 23, 2018
ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲဆေးရုံများအား စစ်ဆေးရန် ညွှန်ကြားထား
1 / 2
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်နေဆဲ ဆေးရုံတွေအားလုံးကို သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေက  နေ့စဉ်ဝင်ရောက်စစ်ဆေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွန်ကြားထားပါတယ်။

ညောင်တုန်းမြို့ဆေးရုံ၊ အင်းမတိုက်နယ်ဆေးရုံနဲ့ ဇလွန်မြို့ဆေးရုံတွေကို အရည်အသွေး မမီပဲ တည်ဆောက်နေတာကြောင့် တည်ဆောက်ဆဲ ရပ်ဆိုင်းဖို့ ညွန်ကြားခဲ့ပြီးနောက်မှာပဲ ကျန်တဲ့ တည်ဆောက်ဆဲဆေးရုံတွေကိုလည်း  စစ်ဆေးဖို့ အခုလိုညွန်ကြားခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောပါတယ်။

“ဆေးရုံ ၃ရုံ ရပ်ထားရတာရှိတယ်။ အဲ့ဒါတွေက Drawing အတိုင်းမဆောက်တာနဲ့ အရည်အသွေး မမီတာတွေစိစစ်ပြီးတော့ ပြန်လည်ပြင်ဆင်ဖို့ ဆိုတဲ့ကိစ္စမှာ လိုက်နာမှုမရှိလို့ ရပ်ဆိုင်းတာဖြစ်တယ်။ ကျန်တဲ့တည်ဆောက်နေဆဲ ဆေးရုံတွေကိုလည်း နေ့တိုင်းသွား ကြီးကြပ်ဖို့ ပြောထားတယ်။ ပစ္စည်းပုံရင်လည်း အရည်အသွေးမီ မမီကို လွှတ်တော် ကိုယ်စားလှယ်များကလည်း မျက်ခြေမပြတ်စောင့်နေမယ်”

တည်ဆောက်ရေးလုပ်ငန်းတွေကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ကြီးကြပ်အဖွဲ့တွေရှိပြီး တိုင်းဒေသကြီးအဆင့်မှာ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေပြီး ခရိုင်အဆင့်မှာတော့ ခရိုင်ဆေးရုံအုပ်ကြီးက ဥက္ကဋ္ဌဖြစ်ကာ မြို့နယ်အဆင့်မှာတော့ စည်ပင်သာယာအဖွဲ့ လမ်းဦးစီးဌာနကအင်ဂျင်နီယာတွေ ယုံကြည်ရတဲ့ ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကစတင်ပြီး မပြီးပြတ်သေးတဲ့ တည်ဆောက်နေဆဲဆေးရုံ စုစုပေါင်း ၅၀ နီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013